
ပေါ့ပ်အဆိုတော် ကေတီပယ်ရီနှင့် ဟောလိဝုဒ်သရုပ်ဆောင် အော်လန်ဒိုဘလွန်းသည် ဖေဖော်ဝါရီ ၁၄ ရက်တွင် စေ့စပ်ခဲ့သည်ဟု ကေတီပယ်ရီ၏ ပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြုခဲ့သည်။
ကြက်သွေးရောင်ကျောက်နှင့် စိန်များဖြင့်ဖန်တီးထားသည့် ပန်းပုံစံလက်စွပ်ကို ၎င်းတို့နှစ်ဦး၏ Instagram တွင် ဝေမျှခဲ့သည်။ ဗယ်လင်တိုင်းနေ့ ညစာစားပြီးချိန်တွင် ဘလွန်းက ကေတီပယ်ရီကို လက်ထပ်ခွင့်တောင်းခဲ့သည်ဟု E! News တွင် ဖော်ပြခဲ့သည်။
အသက် ၃၄ နှစ်အရွယ်ရှိ ကေတီပယ်ရီနှင့် အသက် ၄၂ နှစ်အရွယ်ရှိ အော်လန်ဒိုဘလွန်းသည် ရွှေကမ္ဘာလုံးဆုပေးပွဲတွင် တွေ့ဆုံရင်းနှီးခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် တွဲခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် မကြာခဏလမ်းခွဲခဲ့ဖူးပြီး ၂၀၁၈ ခုနှစ် အစောပိုင်းတွင် ပြန်တွဲခဲ့သည်ဟုလည်း E! News တွင် ဖော်ပြခဲ့သည်။
ဘလွန်းသည် လက်ထပ်ခွင့်မတောင်းမီ ပယ်ရီ၏ မိဘများထံမှ ခွင့်ပြုချက်တောင်းခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ပယ်ရီသည် ယခုနှစ်အတွင်း ၎င်း၏အနုပညာအလုပ်များကို လျှော့ချနေကြောင်း၊ ၎င်းတို့စုံတွဲသည် မကြာမီလက်ထပ်ပြီး မိသားစုဘဝတစ်ခု တည်ဆောက်နိုင်ခြေရှိသည်ဟု နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက People မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။
Lords of the Rings, The Hobbits, Pirates of the Caribbean ဇာတ်ကားများဖြင့် အောင်မြင်ခဲ့သည့် ဘလွန်းသည် သြစတြေးလျမော်ဒယ် မီရန်ဒါကားနှင့်၂၀၁၀ ပြည့်နှစ်တွင် လက်ထပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ကွာရှင်းခဲ့သည်။
Rora, California Gurls, Teenage Dream, Firework စသည့်သီချင်းများဖြင့် ထိပ်တန်းပေါ့ပ်အဆိုတော်တစ်ဦးဖြစ်ခဲ့သည့် ပယ်ရီသည်လည်း ဗြိတိန်သရုပ်ဆောင် ရပ်ဆဲလ်ဘရန်းနှင့် ၂၀၁၀ ပြည့်နှစ်တွင် လက်ထပ်ပြီး နှစ်နှစ်အကြာတွင် ကွာရှင်းခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်