မြန်မာပြည်တွင် လာရောက်ရိုက်ကူးလျက်ရှိသော ‘Line Walker 2 ’ရုပ်ရှင်ဇာတ် ကားတွင် သရုပ်ဆောင်အောင်မြင့်မြတ်ပါဝင်ခွင့်ရရှိကြောင်း သိရသည်။ ‘Line Walker 2 ’ရုပ်ရှင်ဇာတ်ကားအား မြန်မာပြည်တွင် ရိုက်ကူးမည့် ဇာတ်ဝင်ခန်းများအတွက် လိုအပ်သည့် casting များခေါ်ယူရာတွင် သရုပ်ဆောင် အောင်မြင့်မြတ်က ဝင်ရောက်လျှောက်ထားရင်း ရွေးချယ်ခံရခြင်းဖြစ်သည်။ ယင်းအတွက် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်ကာ ဖေဖော်ဝါရီ ၁၇ ရက်မှ စတင်ပြုလုပ်လျက်ရှိသည့် ရီဟာဇယ်လေ့ကျင့်မှုများတွင်လည်း ပါဝင်လျက်ရှိကြောင်း သိရသည်။
“casting ရွေးချယ်မှုမှာ ပါဝင်ခွင့်ရခဲ့တာပါ။ ကျွန်တော် ဒီဇာတ်ကားမှာပါဝင်ခွင့် မရခင်မှာလည်း တပ်မတော်နေ့ ဂုဏ်ပြုဇာတ်ကားအဖြစ် ထုတ်လွှင့်ဖို့ ရိုက်ထားတဲ့ဇာတ်ကားမှာ အဲဒီလို အထူးတပ်သားအနေနဲ့ လေ့ကျင့်တာတွေ၊ ရိုက်ထားတာတွေရှိတယ်။ အဲဒီပုံတွေကို သူတို့လည်းတွေ့ပြီး အဆင်ပြေမယ်လို့လည်း ထင်တာကြောင့် ရွေးချယ်ခဲ့တာလို့ ထင်ပါတယ်။ ဒီလိုနိုင်ငံတကာက အားပေးတဲ့ ဇာတ်ကားတစ်ကားမှာ ပါဝင်ခွင့်ရတာ ကျွန်တော့်အတွက်တော့ အချိုးအကွေ့တစ်ခုပါပဲ။ အရမ်းလည်း ပျော်တယ်။ စိတ်လှုပ်ရှားတယ်။ အဓိကတော့ သူတို့နဲ့တွဲရိုက်တဲ့အခါ ဘယ်လိုအရာတွေ သင်ယူခွင့်ရမလဲ၊ သူတို့တွေရဲ့ အနုပညာဖန်တီးမှုပုံစံ၊ စနစ်၊ ပြင်ဆင်မှုတွေက ဘာတွေရှိလဲဆိုတာတွေကို သိခွင့်ရလာမယ်။ ကျွန်တော်တို့ သူတို့နဲ့တွဲပြီး အလုပ်လုပ်တဲ့အခါ ဘာတွေလိုအပ်ချက်ရှိသေးလဲဆိုတာတွေအများကြီး သိခွင့်ရမယ်လို့ထင်တယ်။ ဘယ်လိုနေရာက ပါဝင်ခွင့်ရမလဲဆိုတာထက် လေ့လာသင်ယူစရာတွေ အများကြီးရမယ်လို့ ယုံကြည်ပါတယ်” ဟု သရုပ်ဆောင် အောင်မြင့်မြတ်က ဆိုသည်။
အောင်မြင့်မြတ်သည် ဥပါယ်တံမျဉ် ဇာတ်ကားဖြင့် ပရိသတ်အသိအမှတ်ပြုမှုကို ရရှိထားသူဖြစ်သည်။
-
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အား (၃၅) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ကပ်ပူဇော်
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်