Top News

မြန်မာမော်ဒယ် Beauty လန်ဒန်ဖက်ရှင် ရက်သတ္တပတ်တွင် ပထမဆုံး မြန်မာမော်ဒယ်တစ်ဦးအဖြစ် ပါဝင်လျှောက်လှမ်းခွင့်ရရှိ
24htopnews | August 9, 2024 3:12 PM CST

မြန်မာမော်ဒယ် Beauty သည် လန်ဒန်ဖက်ရှင် ရက်သတ္တပတ်တွင် ပါဝင်လျှောက်လှမ်းခွင့်ရရှိခဲ့ကြောင်း သိရသည်။ နိုင်ငံတကာမော်ဒယ်တစ်ဦးအဖြစ် တရားဝင်လုပ်ဆောင်လျက်ရှိသည့် မော်ဒယ် Beauty သည် လန်ဒန်ဖက်ရှင် ရက်သတ္တပတ်၏ Model Runway တွင် ပါဝင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ မော်ဒယ်လ် Beauty သည် Asia’s Next Top Model ပြိုင်ပွဲတွင်လည်း ပါဝင်ခွင့်ရခဲ့သူဖြစ်ကာ Top Model အဖြစ် ရက်သတ္တပတ်အချို့တွင် ရွေးချယ်ခံခဲ့ရသူလည်းဖြစ်သည်။

Beauty သည် လန်ဒန်တွင်ကျင်းပခဲ့သည့် London Fashion Week ၏ Auturmn Winter ဖက်ရှင်များအား ထိပ်တန်းဖက်ရှင် Brand များ၏ ဖန်တီးမှုများနှင့်အတူ ဝတ်ဆင်ပြသခဲ့ရခြင်းဖြစ်သည်။ Beauty သည် နိုင်ငံတကာမှ မော်ဒယ်အေဂျင်စီနှင့်ချိတ်ဆက်ကာ နိုင်ငံတကာ Fashion Week တွင် လျှောက်လှမ်းလျက် ရှိသည့်အပြင် ပြည်တွင်းတွင်လည်း အနုပညာလုပ်ငန်းအချို့အား လုပ်ဆောင်လျက် ရှိသူဖြစ်သည်။ လန်ဒန်ဖက်ရှင် ရက်သတ္တပတ်တွင် ပါဝင်လျှောက်လှမ်းလျက်ရှိသည့်အပြင် အခြားသော အနုပညာလုပ်ငန်းများကိုလည်း တစ်ပါတည်း လုပ်ဆောင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။ Beauty သည် ထိပ်တန်း Brand တစ်ခုဖြစ်သည့် Jack Wills ၏ Campaign တစ်ခုတွင် တရားဝင် ပါဝင်ဆောင်ရွက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

မော်ဒယ် Beauty သည် လန်ဒန်ဖက်ရှင် ရက်သတ္တပတ်တွင် ပထမဆုံး ပါဝင်ခွင့်ရသည့် မြန်မာမော်ဒယ်တစ်ဦးအဖြစ် ဂုဏ်ယူလျက်ရှိကြောင်းနှင့် ထိပ်တန်း Brand တစ်ခုဖြစ်သည့် Jack Wills ၏ Campaign တွင် ပါဝင်ခွင့်ရခြင်းအတွက် စိတ်လှုပ်ရှားလျက်ရှိကြောင်း လူမှုကွန်ရက်စာ မျက်နှာမှတစ်ဆင့် ပရိသတ်များထံ အသိပေးထားသည်။

Beauty သည် မြန်မာနိုင်ငံတွင် အင်္ဂလိပ်စာ အထူးပြုဖြင့် ဘွဲ့ရရှိသည်အထိ ပညာသင်ကြားပြီးနောက် ထိုင်းနိုင်ငံသို့သွားရောက်ကာ နိုင်ငံတကာမော်ဒယ်တစ်ဦးအဖြစ် စတင်လုပ်ကိုင်ခဲ့သူဖြစ်သည်။ ထို့နောက် Asia’s Next Top Model ၏ ကမ်းလှမ်းမှုဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Top 4 အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။                           

 


READ NEXT
Cancel OK