Top News

မြန်မာရုပ်ရှင်ကားသစ်များ ဦးစားပေးပြသမည့် ရုပ်ရှင်ရုံများကို ၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်မြို့အပါအဝင် နယ်မြို့များ၌ ထပ်မံဖွင့်လှစ်ရန် စီစဉ်လျက်ရှိ
24htopnews | August 9, 2024 3:12 PM CST

မြန်မာရုပ်ရှင် ဇာတ်ကားသစ်များ ဦးစားပေးပြသမည့် ရုပ်ရှင်ရုံများကို ၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်မြို့အပါအဝင် နယ်မြို့များ၌ ထပ်မံဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံ၏ အကြီးမားဆုံးဖြစ်သည့် Jewellery Mall နှင့် Luxury Shopping Mall ဖြစ်သည့် Times Mall ၌် Mega Ace Cinema Group ၏ ရုပ်ရှင်ရုံသစ် ငါးရုံကို ဖွင့်လှစ်သွားမည်ဟု သိရသည်။ အဆိုပါ ရုပ်ရှင်ရုံများကို ၂၀၁၉ ခုနှစ် မတ်လအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိသည်ဟုလည်း သိရသည်။

“အစ်မတို့ Mega Ace ရန်ကုန်မြို့မှာ အသစ်ထပ်မံဖွင့်လှစ်မယ့် Time City မှာ ရုပ်ရှင်ရုံသစ် ငါးရုံ ထပ်မံဖွင့်လှစ်သွားမှာပါ။ အဲဒီရုပ်ရှင်ရုံမှာ မြန်မာရုပ်ရှင်ဇာတ်ကားတွေကို အဓိကဦးစားပေးပြီး ပြသသွားမှာဖြစ်သလို နိုင်ငံခြားဇာတ်ကားတွေကို နိုင်ငံတကာနဲ့ တန်းတူပြသသွားနိုင်အောင် ကြိုးစားသွားမှာပါ။ ရုပ်ရှင်ရုံတွေမှာ ရုပ်သံအရည်အသွေးကို လက်ရှိ Update ဖြစ်နေတဲ့အတိုင်း ဖြစ်အောင်  နိုင်ငံတကာအဆင့်မီ ရုပ်သံအရည်အသွေးမျိုး ဖြစ်အောင် ကြိုးစားထားပါတယ်။ ပရိသတ်တွေ လာပြီးအားပေးကြဖို့ ဖိတ်ခေါ်ပါတယ်။ Mega Ace ရုပ်ရှင်ရုံတွေအနေနဲ့ ဝန်ဆောင်မှုပိုင်းမှာလည်း ပိုကောင်းအောင် ကြိုးစားသွားမှာပါ” ဟု Mega Ace Cinema Group ၏ Marketing Manager မမြမိုးဝေက ပြောကြားသည်။

ထို့ပြင် သာကတေ (၁) စျေးတွင်လည်း စိန်ရတနာရုပ်ရှင်ရုံ နှစ်ရုံကို ထပ်မံဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိသည်ဟု သိရသည်။

ရုံရှင်ရုံအများအပြား ဖွင့်လှစ်ပိုင်ဆိုင်ထားသည့် မင်္ဂလာကုမ္ပဏီနှင့် JCGV Group တို့တွင်လည်း ၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်မြို့တွင်းအပါအဝင် နယ်မြို့များ၌ ရုပ်ရှင်ရုံသစ်များ ထပ်မံတိုးချဲ့ ဖွင့်လှစ်သွားရန် အစီအစဉ်များ ရှိကြောင်းလည်း သိရသည်။ Paradiso ကုမ္ပဏီအနေဖြင့်လည်း နယ်မြို့များတွင် ရုပ်ရှင်ရုံသစ်များ ဖွင့်လှစ်ရန် စီစဉ်လျက်ရှိသည်ဟု သိရသည်။                                      

 


READ NEXT
Cancel OK