ကိုရီးယားထိပ်တန်းတေးသံရှင်များနှင့် ပြည်တွင်းမှတေးသံရှင်များ ပါဝင်မည့် K- Wonder Music Festival အား နိုဝင်ဘာ ၂ ရက်တွင် ရန်ကုန်မြို့ Thuwuana Bhumi Event Part ၌ ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။ K- Wonder Music Festival မှာ Wonder Event Part ၏ အစီအစဉ်တစ်ခုအဖြစ် တင်ဆက်မည် ဖြစ်သည်။ ပါဝင်တင်ဆက်မည့် တေးသံရှင်များအဖြစ် ပြည်တွင်းမှ တေးသံရှင် Ar-Tနှင့် အခြား တေးသံရှင်များ ပါဝင်မည်ဖြစ်ကာ ကိုရီးယားထိပ်တန်း တေးသံရှင်များလည်း ပါဝင်မည်ဖြစ်သည်။ ကိုရီးယားနိုင်ငံမှ လာရောက်တင်ဆက်မည့် တေးသံရှင်များတွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည့် တေးသံရှင်များပါဝင်သကဲ့သို့ ယခင်လာရောက်ဖျော်ဖြေခဲ့ဖူးသူများလည်း ပါဝင်ကြောင်း သိရသည်။
“K- Wonder Music Festival ကို နိုဝင်ဘာ ၂ ရက်မှာ ကျင်းပသွားပါမယ်။ K- Wonder က K-Pop ပရိသတ်တွေအတွက် ထူးခြားတဲ့တင်ဆက်မှုတွေနဲ့ တင်ဆက်နေကျပါ။ အခုတစ်ကြိမ်မှာလည်း ကိုရီးယားက ထင်ရှားတဲ့ တေးသံရှင်တွေ လာရောက်ဖျော်ဖြေမှာ ဖြစ်သလို ပြည်တွင်းက အနုပညာရှင်တွေလည်း ပါဝင်သီဆိုကြပါမယ်။ ပါဝင်ဖျော်ဖြေမယ့် တေးသံရှင်တွေရဲ့ နာမည်စာရင်းတွေကို မကြာမီ ထုတ်ပြန်ကြေညာပေးသွားပါမယ်။ လက်မှတ်တွေကိုတော့ အွန်လိုင်းကနေလည်း ဝယ်ယူနိုင်ပါမယ်။ ကိုယ်နှစ်သက်တဲ့ ကိုရီးယားတေးသံရှင်တွေရဲ့ ဖျော်ဖြေမှုတွေ အားပေးရင်း Wonder Festival ရဲ့ တခြားပျော်ရွှင်ဖွယ် အစီအစဉ်တွေမှာလည်း ပါဝင်နိုင်မှာပါ။ လာရောက် အားပေးဖို့လည်း ဖိတ်ခေါ်ပါတယ်” ဟု K- Wonder Music Festival အားစီစဉ်သည့် တာဝန်ရှိသူတစ်ဦးက ဖျော်ဖြေပွဲနှင့် ပတ်သက်၍ ရှင်းပြခဲ့သည်။
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား
-
ဖိလစ်ပိုင်မြောက်ပိုင်းတွင် တိုင်ဖွန်းအူဆာဂီ ဝင်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်းထောင်နှင့်ချီ ဘေးလွတ်ရာရွှေ့ပြောင်း
-
ဆော်လမွန်ကျွန်းနိုင်ငံအနီးတွင် ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်း တွေ့ရှိ