Top News

ကင်ဆိုဟွန်းက Psycho, But It’s Okay ဇာတ်လမ်းတွဲဖြင့် ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးမှုများကို ပြန်လည်စတင်ရန် စဉ်းစားနေ
24htopnews | August 5, 2024 6:12 AM CST

ကိုရီးယားသရုပ်ဆောင် ကင်ဆိုဟွန်းသည် Psycho, But It’s Okay ဇာတ်လမ်းတွဲဖြင့် ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးမှုများကို ပြန်လည်စတင်ရန် စဉ်းစားနေသည်ဟု ၎င်း၏အေဂျင်စီ KeyEast က ထုတ်ပြန်ခဲ့သည်။

ကင်သည် Psycho, But It’s Okay ဇာတ်လမ်းတွဲအပါအဝင် ကမ်းလှမ်းချက်များစွာကို လက်ခံရရှိထားသည်ဟုလည်း အေဂျင်စီက အတည်ပြုခဲ့သည်။

Psycho, But It’s Okay ဇာတ်လမ်းတွဲသည် စိတ်ကျန်းမာရေးဆေးရုံတစ်ခုတွင် လစာ ဒေါ်လာ ၁၅၃၀ ခန့်ဖြင့် အလုပ်လုပ်နေသည့် ပရော်ဖက်ရှင်နယ် ကျန်းမာရေးဝန်ထမ်းတစ်ဦးနှင့် Antisocial Presonality Disorder ခံစားနေရသည့် စာရေးဆရာတို့ တွေ့ဆုံပြီး မမျှော်လင့်ဘဲ ချစ်သူဖြစ်ခဲ့ကြသည့်အကြောင်း ရိုက်ကူးထားသည့် အချစ်ဇာတ်လမ်းတွဲ ဖြစ်သည်။ ကင်သည့် ယင်းဇာတ်လမ်းတွဲတွင် ကျန်းမာရေးဝန်ထမ်း Moon Kang Tae အဖြစ်ပါဝင်ရန် ကမ်းလှမ်းခံခဲ့ရသည်ဟု KeyEast က ထုတ်ပြန်ခဲ့သည်။ ယင်းဇာတ်လမ်းတွဲ၏ ဇာတ်လမ်းကို Jo Yong က ရေးသားခဲ့ပြီး ဒါရိုက်တာ ပက်ရှင်ဝူက ရိုက်ကူးမည် ဖြစ်သည်။

ယင်းကမ်းလှမ်းချက်ကို လက်ခံမည်ဆိုပါက Psycho, But It’s Okay ဇာတ်လမ်းတွဲသည် ကင်အတွက် လေးနှစ်အတွင်း ပထမဆုံးရိုက်ကူးမည့် ဇာတ်လမ်းတွဲဖြစ်လာမည် ဖြစ်သည်။၂၀၁၇ ခုနှစ်က ဖြန့်ချိခဲ့သည့် Real ဇာတ်ကားသည် ကင် စစ်မှုမထမ်းမီ နောက်ဆုံးသရုပ်ဆောင်ခဲ့သည့် ဇာတ်ကားဖြစ်သည်။

The Sun and the Moon ၊ My Love From the Star ၊ The Producers စသည့် ဇာတ်လမ်းတွဲများဖြင့် အောင်မြင်ခဲ့သည့် ကင်သည် ယခုနှစ် ဇူလိုင်တွင် စစ်မှုထမ်း တာဝန်ပြီးဆုံးခဲ့သည်။ ကင်သည် စစ်မှုထမ်းပြီးနောက် tvN ရုပ်သံ၏ Hotel Del Luna ဇာတ်လမ်းတွဲတွင် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။

အသက် ၃၁ နှစ်ရှိပြီဖြစ်သော ကင်သည် ၂၀၁၆ ခုနှစ်က ထုတ်ပြန်ခဲ့သည့် Frobes မဂ္ဂဇင်း၏ သြဇာလွှမ်းမိုးမှုရှိသည့် အသက် ၃၀ အောက် အာရှသရုပ်ဆောင်စာရင်းတွင် ပါဝင်ခဲ့သည်။ ၂၀၀၇ ခုနှစ်က ဖြန့်ချိခဲ့သည့် Kimchi Cheese Smile ဇာတ်လမ်းတွဲတွင် ဇာတ်ပို့သရုပ်ဆောင်အဖြစ် ပွဲဦးထွက် ပါဝင်ခဲ့သည့် ကင်သည် ၂၀၁၄ ခုနှစ်တွင် Gallup Korea ၏ တစ်နှစ်တာအကောင်းဆုံး သရုပ်ဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ကင်သည် Forbes မဂ္ဂဇင်း၏ ၂၀၁၃ခုနှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်က ထုတ်ပြန်ခဲ့သည့် သြဇာလွှမ်းမိုးမှုအရှိဆုံး ကိုရီးယားအနုပညာရှင် စာရင်းတွင်လည်း နံပါတ် လေး၊ နံပါတ် နှစ်နှင့် နံပါတ် ငါး နေရာတို့တွင် ဖော်ပြခံခဲ့ရသည်။ ကင်၏ ရုပ်သံဇာတ်လမ်းတွဲများသည် အာရှတစ်ဝန်းတွင် အောင်မြင်ခဲ့သည်။

 


READ NEXT
Cancel OK