မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ယခင်ကျင့်သုံးလျက်ရှိသော စျေးကွက်အခြေခံသည့် ရည်ညွှန်းငွေလဲလှယ်နှုန်း သတ်မှတ်ခြင်းအစား Auction ခေါ်ယူ၍ ရောင်းချသောစျေးနှုန်းကိုသာ ရည်ညွှန်းငွေလဲလှယ်နှုန်းအဖြစ် ကြေညာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြောကြားသည်။
နိုင်ငံခြားငွေလဲလှယ်နှုန်း သတ်မှတ်ခြင်းနှင့်ပတ်သက်၍ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း (A.D) လိုင်စင်ရဘဏ်များနှင့် အစည်းအဝေးတွင် နိုင်ငံခြားငွေစျေးနှုန်း မြင့်မားလာမှုအား ဘဏ်များက ၀ိုင်းဝန်းထိန်းသိမ်းရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ သို့သော် စျေးနှုန်းများ မြင့်မားလာဆဲဖြစ်သည်ကို တွေ့ရကြောင်း၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းမြင့်မားမှုသည် နိုင်ငံတော်၏ နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေးတည်ငြိမ်မှုကို ထိခိုက်စေနိုင်သည့်အတွက် လွန်စွာအရေးကြီးကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားမှုအချိန်တွင် အခြားကုန်စည်စျေးနှုန်း မြင့်မားမှု မဖြစ်ပေါ်စေရေးနှင့် ဖြစ်သင့်သော စျေးနှုန်းတစ်ခုတွင် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်မှုရှိစေရေး ဘဏ်များက နိုင်ငံခြားငွေ ရောင်းဝယ်မှုကို ကန့်သတ်ချက်အတွင်းသာ ရောင်းဝယ်ရန်နှင့် မဖြစ်မနေ ဝယ်ယူရမည့် ကျန်းမာရေးနှင့်ဆိုင်သည့် ကိစ္စရပ်များအတွက် နိုင်ငံခြားငွေအသုံးပြုရန် လိုအပ်လာပါက ဗဟိုဘဏ်သို့ တင်ပြရန်နှင့် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြောကြားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေလိုအပ်ချက်အား အထိုက်အလျောက် ဖြည့်တင်းပေးနိုင်ရန် Special Auction cause A.D ဘဏ်များ နိုင်ငံခြားငွေများ ရောင်းချပေးခဲ့ပြီး ရောင်းချပေးခဲ့သော နိုင်ငံခြားငွေလဲလှယ်နှုန်းအား ရည်ညွှန်းငွေလဲလှယ်နှုန်းအဖြစ် သတ်မှတ်ကြေညာခဲ့ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ယခင်ကျင့်သုံးလျက်ရှိသော စျေးကွက်အခြေခံသည့် ရည်ညွှန်းငွေလဲလှယ်နှုန်း သတ်မှတ်ခြင်းအစား Auction ခေါ်ယူ၍ ရောင်းချသောစျေးနှုန်းကိုသာ ရည်ညွှန်းငွေလဲလှယ်နှုန်းအဖြစ် ကြေညာမည်ဖြစ်ကြောင်း ဦးဝင်းသော်က ဆက်လက်ပြောကြားသည်။
ယခင်က နိုင်ငံခြားငွေဝယ်ယူ၊ ရောင်းချ၊ လဲလှယ်ခြင်းများ ဆောင်ရွက်ရာတွင် ရောင်းစျေးနှုန်းနှင့် ဝယ်စျေးနှုန်းအကြား ကွာဟချက် Auction အား တစ်ရာခိုင်နှုန်းထက် မပိုစေဘဲ သတ်မှတ်ဆောင်ရွက်ခြင်းအစား ရည်ညွှန်းငွေလဲလှယ်နှုန်းအား Mid rate အဖြစ် သတ်မှတ်၍ + ၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်းသာ ရောင်းဝယ်မှုပြုရန် ညွှန်ကြားချက် ပြင်ဆင်ထုတ်ပြန်မည်ဖြစ်ကြောင်း၊ ဘဏ်များက သတ်မှတ်ဘောင်အတွင်း ဆောင်ရွက်မည်ဆိုပါက နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်မားခြင်းကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြောကြားသည်။
ကာလတိုအတွင်း နိုင်ငံခြားငွေ လဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့် အရန်ငွေ ဖြည့်တင်းရန် ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံ ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်သည်။
ဗဟိုဘဏ်သည် ၎င်း၏ နိုင်ငံခြားသုံးငွေလုပ်ငန်း (Foreign Exchange Operation) ရည်ရွယ်ချက်များ ဖြစ်သော ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျ ကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေ ဖြည့်တင်းရန် အချက်နှစ်ချက် အကောင်အထည်ဖော်ရန် စည်းမျဉ်းအခြေခံသည့် နိုင်ငံခြားငွေစျေးပြိုင်လေလံအား ဆောင်ရွက်နေသည်။
-
■ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်သို့ ဒေသခံများအပြင် အနယ်နယ်အရပ်ရပ်မှ ပြည်သူအများအပြား လာရောက် လည်ပတ်
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ