ရုပ်ရှင်ထူးချွန်ဆု ပေးအပ်မှုများထဲအမြင့်ဆုံးဖြစ်သည့် အော်စကာဆုပေးပွဲကို လော့စ်အိန်ဂျလိစ်တွင် မတ်၂၇ ရက်၌ ကျင်းပသွားမည်ဖြစ်ပြီး ယခုနှစ်တွင် တွစ်တာသုံးစွဲသူများ မဲပေးရွေးချယ်မှုဖြင့် ပရိသတ်အကြိုက်ဆုံး ဇာတ်ကားဆုကို အသစ်ထပ်တိုးပေးအပ်သွားမည်ဟု ပွဲကျင်းပသူများက ကြေညာသည်။
ပရိသတ်အားပေးကြည့်ရှုမှုကျဆင်းနေသည့် အော်စကာဆုပေးပွဲကို ကြည့်ရှုသူပြန်များလာအောင် ဆွဲဆောင်နေခြင်းဖြစ်ပြီး ရုံတင်ချိန်လူကြိုက်များခဲ့သည့် ဂျိမ်းစ်ဘွန်းရုပ်ရှင် No Time To Die နှင့် Spider-Man: No Way Home ဇာတ်ကားများ အော်စကာဆုဆန်ကာတင်စာရင်းတွင် အကောင်းဆုံးဇာတ်ကားဆုနေရာမှ ချန်လှန်ခံခဲ့ရပြီးနောက် ရုပ်ရှင်ပရိသတ်အများစု အော်စကာပွဲကို မကြည့်တော့မည်စိုးသဖြင့် ယခုဆုသစ်ထပ်တိုးသည့် ကြေညာချက်ထွက်လာခြင်းဖြစ်သည်။
ပရိသတ်အကြိုက်ဆုံးဇာတ်ကားဆုအတွက် ၂၀၂၁ ခုနှစ်အတွင်းထွက်လာသည့် မည့်သည့်ဇာတ်ကားကိုမဆို တွစ်တာသုံးစွဲသူများက #OscarsFanFavorite သုံးစွဲ၍ဖြစ်စေ၊ အော်စကာတရားဝင်ဝက်ဘ်ဆိုဒ်မှဖြစ်စေ မဲပေးနိုင်သည်။
အမေရိကန် Talk Show တင်ဆက်သူ ဂျင်မီကင်မယ်အစီအစဉ်မှူးအဖြစ် ဆောင်ရွက်သည့် ၂၀၁၈ ပွဲအပြီး ၂၀၁၉၊ ၂၀၂၀ နှင့်၂၀၂၁ ခုနှစ်အော်စကာပွဲများတွင် အစီအစဉ်မှူးမပါဝင်ခဲ့သော်လည်း လာမည့်ပွဲတွင်မူ အမျိုးသမီးဟာသသရုပ်ဆောင်များဖြစ်သည့် အေမီရှူမာ၊ ရဂျီနာဟောနှင့် ဝမ်ဒါဆိုက်စ်တို့က အစီအစဉ်မှူးအဖြစ် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကာ ဝေါ့ဒစ္စနေကုမ္ပဏီအပိုင် ABC ရုပ်သံက ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ယခင်ကျင်းပနေကျနေရာ Dolby Theatre ဇာတ်ရုံတွင်သာ ကျင်းပမည်ဖြစ်ပြီး ဆန်ခါတင်စာရင်းဝင် ဇာတ်ကားများထဲ နယူးဇီလန်ဒါရိုက်တာဂျိန်းကမ်ပီယံရိုက်ကူးသည့် The Power of the Dog ဇာတ်ကားက ဆုအများဆုံးဖြင့် ဦးဆောင်နေကာ အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးဒါရိုက်တာဆုအပြင် ဆု ၁၂ ဆု လျာထားခံရသည်။
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား
-
ဖိလစ်ပိုင်မြောက်ပိုင်းတွင် တိုင်ဖွန်းအူဆာဂီ ဝင်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်းထောင်နှင့်ချီ ဘေးလွတ်ရာရွှေ့ပြောင်း
-
ဆော်လမွန်ကျွန်းနိုင်ငံအနီးတွင် ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်း တွေ့ရှိ