အမေရိကန်သရုပ်ဆောင် ရော့ခ်မွန် ဒွန်ဘားက COVID-19 ကာကွယ်ဆေးထိုးနှံမှုမှ ကင်းလွတ်ခွင့်ကို တောင်းဆိုခဲ့ပြီးနောက် ရိုက်ကူးရေးမှ ထုတ်ပယ်ခံခဲ့ရသည့်အတွက် 9-1-1 ရုပ်သံဇာတ်လမ်းတွဲထုတ်လုပ်သည့် Disney ကုမ္ပဏီကိုတရားစွဲဆိုခဲ့သည်။
ဒွန်ဘားသည် 9-1-1 ရုပ်သံဇာတ်လမ်း တွဲ၏ Season 1 မှ 5 အထိ မိုက်ကယ်အမည်ရှိ ဇာတ်ကောင်နေရာမှ ပါဝင်သရုပ်ဆောင်ခဲ့သည်။
20th Television ရုပ်သံထုတ်လုပ်ရေး ကုမ္ပဏီက သရုပ်ဆောင်များအား COVID-19 ကာကွယ်ဆေးထိုးနှံရန် ပြဋ္ဌာန်းထားချိန်တွင် ဒွန်ဘားက သူသည် ဆေးဘက်ဆိုင်ရာ နှင့် ဘာသာရေးဆိုင်ရာ ကင်းလွတ်ခွင့်များကို ငြင်းဆိုခံခဲ့ရပြီး လူမျိုးရေးအရ ခွဲခြားဆက်ဆံခံရမှုများနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ပြောကြားခဲ့သည်။
Disney ပိုင်ကုမ္ပဏီကမူ ၎င်း၏ တရားဝင်ဝတ္တရားများကိုလိုက်နာပြီး လူမျိုးရေးအပေါ်အခြေခံ၍ ဆုံးဖြတ်ချက်များ ချမှတ်မှုကို ငြင်းဆိုကြောင်း ပြောကြားခဲ့သည်။
၂၀၁၈ ခုနှစ်က Fox network တွင်စတင်ထုတ်လွှင့်ချိန်ကတည်းက ယင်းရုပ်သံအစီအစဉ်တွင်ပါဝင်ခဲ့သည့် ဒွန်ဘားသည် Universal Wisdom ခရစ်ယာန်ဘုရားကျောင်း အဖွဲ့ဝင်တစ်ဦးအဖြစ် ၎င်း၏ယုံကြည်သက် ဝင်မှုများအပေါ် အခြေခံ၍ ကင်းလွတ်ခွင့်ပေးရန် တောင်းဆိုခဲ့သည်ဟု ၎င်း၏အမှုတွဲဖိုင် တွင် ဖော်ပြထားသည်။
ဘာသာရေးကင်းလွတ်ခွင့် တောင်းခံခြင်းမရှိသည့်အပြင် လူမည်းမဟုတ်သည့် အခြားသရုပ်ဆောင်များနှင့် ရိုက်ကူးရေးအဖွဲ့ဝင်များကို ကင်းလွတ်ခွင့်ပြုနေချိန်တွင် သူ့အနေဖြင့် ကာကွယ်ဆေးမထိုးဘဲနေရန် ခွင့်ပြုချက် ကို ငြင်းဆိုခံခဲ့ရသည်ဟု ဒွန်ဘားက ပြောကြားခဲ့သည်။
Universal Wisdom အသင်းတော်၏ နောက်လိုက်များသည် ကိုယ်ခန္ဓာအတွင်းသို့ ရောဂါဝင်ရောက်သည့် ဆေးဘက်ဆိုင်ရာဝင် ရောက်စွက်ဖက်မှုများကို ရှောင်လွှဲရန် တာဝန် ရှိပြီး ဆေးကုသမှုအတွက် ၎င်းင်းတို့၏ အရေပြား အတွင်းသို့ ထိုးသွင်းမှုကို ငြင်းဆိုရန်တာဝန်ရှိ သည်ဟု ဒွန်ဘား၏ တရားရုံးသို့ လျှောက် ထားချက်တွင် ဖော်ပြထားသည်။
20th Television ကမူ “ကျွန်တော်တို့ ရဲ့ ရိုက်ကူးရေးမှာ ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ဖို့ မဖြစ်မနေ ကာကွယ်ဆေးထိုးနှံပြီးစီးတဲ့ လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်”ဟု ထုတ်ပြန်ခဲ့သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား