Top News

မြန်မာ့အရေးကို ဖြေရှင်းရာတွင် အမေရိကန်အနေဖြင့် အလှည့်အပြောင်းနေရာကို ရောက်နေပြီဟု အမေရိကန်တာဝန်ရှိသူ ပြောကြား
24htopnews | July 27, 2024 10:12 PM CST

အမေရိကန်ပြည်ထောင်စုသည် တပ်မတော်က အုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် အကျပ်အတည်းကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း ဆိုသည့်ကိစ္စကို ဆုံးဖြတ်ရာတွင် အလှည့်အပြောင်းတစ်ရပ်ကို ရောက်ရှိနေပြီး အစိုးရ၏ အပြုအမူပြောင်းလဲစေရေးအတွက် ယင်းအစိုးရကို နောက်ထပ်စီးပွားရေးဆိုင်ရာ ဖိအားနှင့် နိုင်ငံရေးဆိုင်ရာ ဖိအားတို့ပေးရန် ချိန်ဆနေသည်ဟု အောက်တိုဘာ ၂၁ ရက်တွင် အမေရိကန် အကြီးတန်းတာဝန်ရှိသူက ပြောကြားခဲ့သည်ဟု AP သတင်းဌာန က ဖော်ပြခဲ့သည်။  

စီးပွားရေးနှင့် နိုင်ငံရေးတို့တွင် တိုးတက်မှု ကင်းမဲ့နေခြင်းအားဖြင့် မြန်မာနိုင်ငံအတွင်းတွင် လူသားချင်းစာနာမှု ရှုထောင့်မှ လည်းကောင်း၊ လုံခြုံရေးရှုထောင့်မှ လည်းကောင်း အခြေအနေသည် ပိုမိုရွားနေသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြံပေး ဒါရက်ချော်လက်က AP သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းရာတွင် ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ဖေဖော်ဝါရီလက ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ အစိုးရအဖွဲ့ထံမှ တပ်မတော်၏ အာဏာလွှဲပြောင်းယူမှုကို အပြင်းထန်ဆုံး ဝေဖန်နေသော နိုင်ငံဖြစ်သည်။

မြန်မာ့အရေး လွှမ်းမိုးဖွယ်ရာရှိနေသည့် အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်မီ အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနှင့် စင်ကာပူတို့ကို သွားရောက်ခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိနေချိန်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးအဖြစ်လည်း ထမ်းဆောင်နေသော  ချော်လက်က AP သတင်းဌာနနှင့် အွန်လိုင်းအင်တာဗျုး လုပ်ခဲ့ခြင်း ဖြစ်သည်။

“ အနီးဆုံးကာလမှာ အဆိုးဆုံးတွေ ဖြစ်လာမှာကို ကူညီဟန့်တားနိုင်မယ့် တန်ဆာပလာတွေ ကျွန်တော်တို့ဆီမှာ ရှိတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ လုပ်ငန်းစဉ်ရဲ့ အလှည့်အပြောင်းနေရာကို ရောက်နေတယ် ထင်ပါတယ်” ဟု ချော်လက်က ပြောကြားသည်။

မြန်မာအစိုးရအဖွဲ့၏ အပြုအမူ ပြောင်းလဲစေရန် ယင်းအစိုးရအဖွဲ့ကို မက်လုံးများပေးရန် ကြိုးစားခြင်းဖြင့် အမေရိကန်နှင့် တခြားသောအစိုးရများက ဆွဲနိုင်သည့် စီးပွားရေးဆိုင်ရာ လီဘာများရှိနေသည်ဟု ၎င်းက ပြောသည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် မိမိတို့ ကြိုးစားနေသောအရာ၏ အစိတ်အပိုင်းအဖြစ် ပါဝင်ရေးဖြစ်ပြီး စည်းကမ်းချက်များ ချမှတ်ရန် မဟုတ်သော်လည်း မိမိတို့၏ အကောင်းဆုံးအမြင်များကို ကမ်းလှမ်းရန်နှင့် အာဆီယံရှိ အမျိုးမျိုးသော မိတ်ဖက်များထံမှ အမြင်များကိုကြားရရန် ဖြစ်သည်ဟု ဒါရက်ချော်လက်က ပြောကြားသည်။

အာဆီယံ၏ အရေးပါသော နိုင်ငံသုံး နိုင်ငံနှင့် ဆွေးနွေးခြင်းအားဖြင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် အကောင်းဆုံး ရှေ့ဆက်ရန်နှင့် သက်ဆိုင်သော အကြံဉာဏ်ကောင်းများကို ရရှိနိုင်သည်ဟု ၎င်းက ပြောကြားသည်။

အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့သည် တပ်မတော် ထိပ်တန်းအရာရှိများနှင့် အစိုးရပိုင် သစ်လုပ်ငန်းနှင့် ကျောက်မျက်လုပ်ငန်းတို့ကို ဒဏ်ခတ် အရေးယူမှုများ ချမှတ်ထားသည်။


READ NEXT
Cancel OK