ပြီးခဲ့သည့် တနင်္ဂနွေနေ့နှင့် တနင်္လာနေ့များက အီသီယိုးပီးယားနိုင်ငံ၌ဖြစ်ပေါ်ခဲ့သည့် မြေပြိုမှုကြောင့် ေ-သဆုံးသူအရေအတွက်သည် ၂၅၇ ဦးအထိရှိခဲ့ပြီး အဆိုပါပမာဏသည် နှစ်ဆအထိမြင့်တက်လာနိုင်သေးကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာရုံးကပြောကြားခဲ့သည်။
အင်္ဂါနေ့ကအထိ ေ-သဆုံးသူ ၂၂၉ ဦးအထိရှိခဲ့ကာ ၁၂၅ ဦးအိုးမဲ့အိမ်မဲ့ဖြစ်ပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ထို့ပြင် မြေပြိုမှုထပ်ဖြစ်နိုင်သေးသဖြင့် လူပေါင်း ၁၅,၀၀၀ ထက်မနည်းကို နေရာရွှေ့ပြောင်းပေးရန် အရေးတကြီးလိုအပ်နေပြီး လက်ရှိတွင်လည်း ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေဆဲဖြစ်ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
မြေပြိုမှုတွင် မေ-သဘဲကျန်ရစ်ခဲ့သည့် အမျိုးသမီးတစ်ဦးကမူ ၎င်းနှင့်အတူသားသမီးခြောက်ယောက်လုံးမြေပြိုမှုထဲပါသွားခဲ့ပြီး အစ်ကိုဖြစ်သူက ကယ်ခဲ့သဖြင့် ကံကောင်း၍ပြန်လွတ်လာသော်လည်း သားသမီးလေးဦးနှင့်ခင်ပွန်းသည်မှာပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပြောသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂအကြီးအကဲ မစ္စတာဂူတားရက်စ်က ဝမ်းနည်းကြောင်းပြောကြားခဲ့ပြီး မြေပြိုမှုဒဏ်ခံရသူများကို ကူညီရန်အတွက် အစားအစာ၊ အာဟာရ၊ကျန်းမာရေးနှင့် အခြားအရေးကြီးသော ထောက်ပံ့ရေးပစ္စည်းများကိုပေးပို့ကာ အီသီယိုးပီးယားအစိုးရနှင့်အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟုလည်း ပြောသည်။
Source : သည်ဂါးဒီးယန်း
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား