Top News

Miss Universe ပြိုင်ပွဲတွင် မြန်မာအလှမယ် သူဇာဝင့်လွင်က Top 21 အထိ တက်ရောက်ယှဉ်ပြိုင်ခဲ့ပြီး National Costume Winner ရရှိခဲ့
24htopnews | July 24, 2024 2:12 PM CST

အမေရိကန်နိုင်ငံ ဖလော်ရီဒါတွင် ကျင်းပခဲ့သည့် (၆၉) ကြိမ်မြောက် Miss Universe ပြိုင်ပွဲတွင်  မြန်မာအလှမယ် သူဇာဝင့်လွင်က Top 21 အထိတက်​ရောက် ယှဉ်ပြိုင်ခဲ့ပြီး National Costume Winner ရရှိ ခဲ့သည်ဟု သိရသည်။

အလှမယ် သူဇာဝင့်လွင်သည် Miss Universe ပြိုင်ပွဲတွင် ဆုရယူ​ပေးနိုင်ခဲ့သည့် ပထမဆုံး မြန်မာကိုယ်စားပြု အလှမယ်တစ်ဦးဖြစ်ကာ Top 21 Final List အထိ တက်​ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည့် ပထမဆုံးမြန်မာကိုယ်စားပြု အလှမယ်လည်း ဖြစ်လာခဲ့သည်။ အလှမယ် သူဇာဝင့်လွင်အ​နေဖြင့် Miss Universe ပြိုင်ပွဲအတွက် စီစဉ်ခဲ့သည့် National Costume အပါအဝင် အ​ရေးကြီးဝတ်စုံအချို့ ပါဝင်သည့်အိတ်မှာ ​လေဆိပ်တွင်​ပျောက်ဆုံးသွားခဲ့သည့်အတွက် Miss Universe Organization မှ စီစဉ်ပေးသည့်ဝတ်စုံနှင့် National Costume အတွက် ချင်း​တောင်တန်း (အတ္တလန်တာ၊ ဂျော်ဂျီယာ)နှင့်အတူ အမေရိကရောက် ချင်းလူမျိုးများ၏ ကူညီ​ပေးမှုဖြင့် ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်​ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲနှင့်ပတ်သက်၍ အလှမယ်သူဇာဝင့်လွင်က “ဆုတောင်းတွေ ပြည့်ခဲ့ပါပြီ။ သူဇာနဲ့အတူတူ ချစ်တဲ့ပရိတ်သတ်တွေ အားလုံးလည်း ပျော်ရွှင်နေကြမယ်လို့ ယုံကြည်ပါတယ်။ ဒီထက်ပိုမြင့်မားတဲ့ Result ရယူပေးချင်ခဲ့ပေမဲ့ Top 21 ပါခဲ့တဲ့အတွက်တော့ အားလုံးစိတ်ကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်” အစရှိသဖြင့် သူ၏လူမှုကွန်ရက်စာမျက်နှာတွင်​ ရေးသားထားသည်။


READ NEXT
Cancel OK