Myanmar Idol သီချင်းဆိုပြိုင်ပွဲမှ ပရိသတ် အားပေးလာသော တေးရေးတေးဆို ပိုးမီသည် ဧပြီလတုန်းက သာသနာ့ဘောင်သို့ ခေတ္တဝင်ရောက်ခဲ့ကြောင်း သူ၏လူမှုကွန်ရက် စာမျက်နှာမှာ တွေ့ရသည်။ Myanmar Idol သီချင်းဆိုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းသည်။ သူ့ကိုပရိသတ်များစွာရရှိစေသည့်အပြင် အနုပညာလမ်းကြောင်းပေါ်သို့ ရောက်ရှိစေသည့် ပြိုင်ပွဲတစ်ခုဖြစ်သည်။ Unplugged လောကတွင်၁၀ နှစ်နီးပါး ဖြတ်သန်းခဲ့ပြီးမှ ပြိုင်ပွဲဝင်ပြီး အနုပညာလောကထဲသို့ ရောက်ရှိလာခဲ့သည်။ သီချင်းဆိုပြိုင်ပွဲတွင် ပရိသတ်အားပေးလာပြီးနောက် သူမကိုယ်တိုင်ရေးဆိုခဲ့သော အလိုက်သိသီချင်းကလည်း တေးရေးတေးဆိုအဖြစ် ပိုးမီကို ထပ်ဆင့်အောင်မြင်မှုရရှိစေခဲ့သည်။
အနုပညာအလုပ်သည် စိတ်ခံစားချက်ဖြင့် လုပ်ကိုင်ရသော အလုပ်ဖြစ်သောကြောင့် လက်ရှိမွန်းကျပ်မှုများကို ခေတ္တလွတ်မြောက်ချင်တာကြောင့် အေးချမ်းသည့် သာသနာ့အရိပ်ကို ခိုလှုံခဲ့သည်ဟု ပြောကြားခဲ့သည်။
တေးသံရှင် ပိုးမီက “အခုချိန်က အားလုံး အဆင်မပြေကြတဲ့အချိန်ပါ။ ဒီအချိန်မှာ ပိုးမီလည်း စိတ်ရောလူရော ပင်ပန်းနေတဲ့ အချိန်ဆိုတော့ အေးချမ်းမှုတစ်ခုကို အရမ်းလိုချင်ခဲ့တယ်။ ဒါနဲ့ပဲ သီလရှင် ခဏဝတ်ဖို့ ဆုံးဖြတ်ပြီး ဝတ်ခဲ့တာပါ။ တော်တော်အေးချမ်းသွားတယ်။ အရင်ကတည်းကလည်းဝတ်မယ်လို့ ဆုံးဖြတ်ခဲ့ဖူးတယ်။ ပိုးမီ ဖြတ်သန်း ရတဲ့ဘဝကို သူများတွေထက် ပိုပြီးပင်ပန်းခဲ့ပါတယ်။ ပင်ပန်းခဲ့တယ်လို ့ပြောရတာထက်ပိုပြီး ပင်ပန်းခဲ့တယ်။ စိတ်ကိုအမြဲအားတင်းပြီး ကြိုးစားရုန်းကန်ခဲ့ရတယ်။ ပြိုင်ပွဲတုန်းကလည်း ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရတယ်။ ကြိုးစားခဲ့တာ အရာထင်တယ်လို့ ပြောလို့ရပါတယ်။ ပရိသတ်က ပိုးမီကိုသိသွားတယ်ပေါ့။ ပိုးမီ ဂီတလောကထဲမှာ လူမသိ သူမသိဖြတ်သန်းနေတာ ၁၀ နှစ်ကျော်ခဲ့ပြီ” ဟု ပြောကြားသည်။
လက်ရှိတွင် တေးသံရှင် ပိုးမီသည် Music Guide တစ်ဦးအဖြစ်လည်း ဖြတ်သန်းနေသလို တေးရေးတစ်ဦးအဖြစ်လည်း တေးသီချင်းများ ရေးသားနေကြောင်း သိရသည်။
“ အနုပညာရှင်တချို့ကိုလည်း Music Guide လုပ်ပေးနေပါတယ်။ အခက်အခဲတွေကို ၀ါသနာတစ်ခုနဲ့ ကျော်ဖြတ်ရင်း ဂီတလမ်းကြောင်းပေါ်မှာ အမြဲရှိနေမှာပါ” ဟု တေးရေး တေးဆို တေးသံရှင် ပိုးမီက ပြောကြားသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား