သရုပ်ဆောင် နဝရတ်သည် မိခင်ဖြစ်သူ၏ ကျန်းမာရေးကိုအနီးကပ် ပြုစုစောင့်ရှောက်နေရသဖြင့် အနုပညာအလုပ်များကိုရပ်နားကာ မိခင်နှင့်အတူ ပြင်ဦးလွင်မြို့တွင်နေထိုင်လျက်ရှိသည်။ မေ ၂၁ ရက်က သူမ၏ မိခင်သည် ၉၆ ပါး ရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။ နဝရတ်မှ သူမလူမှုကွန် ရက်စာမျက်နှာပေါ်တွင် မေမေကွယ်လွန်သွားခြင်းအကြောင်းကို ရေးသားဖော်ပြထားသည်။
သရုပ်ဆောင် နဝရတ်မိခင်ဒေါ်အေးမြစိမ်းသည် တော်ဝင်ထွန်း ရုပ်ရှင်ထုတ်လုပ်ရေး၏ စင်တင်မင်းသမီးတစ်ဦးဖြစ်ခဲ့ပြီး ဇာတ်ကားများစွာရိုက်ကူးခဲ့သူဖြစ်သည်။ ကိုယ်တိုင်လည်း အနုပညာဝါသနာပါသူဖြစ်သကဲ့သို ့ သမီးဖြစ်သူနဝရတ်ကိုလည်း အနုပညာရှင်တစ်ယောက်ဖြစ်ရန် ပ့ံပိုးခဲ့သူဖြစ်သည်။ သရုပ်ဆောင်နဝရတ် ကိုယ်တိုင်သည်လည်း အနုပညာကို ရူးသွပ်စွာဝါသနာပါသူ ဖြစ်သည့်အတွက် သရုပ်ဆောင် ဦးကျော်ဟိန်းတပည့်ခံယူပြီး ဦးကျော်ဟိန်းနှင့် ဇာတ်ကားများစွာ ရိုက်ကူးပြီး အနုပညာလောကထဲသို့ ရောက်လာသူဖြစ်သည်။ ဝတ်စားဆင်ယင်မှု ဖက်ရှင်ပိုင်းတွင်လည်း ပရိသတ်အားပေးလက်ခံသည့်အပြင် သရုပ်ဆောင်မှုပိုင်းတွင်လည်း ကျရာဇာတ်ရုပ်ကိုပီပြင်စွာ သရုပ်ဆောင်နိုင်သည့်အတွက် သရုပ်ဆောင်နဝရတ်ကို ပရိသတ်များ အားပေးကြသည်။
အောင်မြင်မှုရရှိနေသည့် အချိန်တွင် သရုပ်ဆောင်နဝရတ်သည် အနုပညာလောကကကို စွန့်လွှတ်ပြီး စီးပွားရေးလောကထဲသို့ ဝင်ရောက်သွားခဲ့သည်။
သူမ၏ ပရိသတ်များမှ အနုပညာအလုပ်ကို ပြန်လည်လုပ်ရန် တောင်းဆိုပါသော်လည်း ဆုံးဖြတ်ချက် ခိုင်မာသည့် သရုပ်ဆောင် နဝရတ်သည် အနုပညာလောကကို စွန့်လွှတ်ခဲ့သည်။
သရုပ်ဆောင်အပြင် ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ တည်ထောင်ပြီး နာမည်ကြီး ဇာတ်ကားများကိုလည်း ထုတ်လုပ်ရိုက်ကူးခဲ့သူဖြစ်သည်။ ထုတ်လုပ်ရိုက်ကူးပြီး ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားသည့် တိမ်မင်းသမီး၏ ဒဏ္ဍာရီရုပ်ရှင်ဇာတ်ကားတွင် ပရိသတ်များမှ ထုတ်လုပ်သူဆုနှင့် သရုပ်ဆောင်ထူးချွန်ဆုများ မှန်းခဲ့သော်လည်း အကယ်ဒမီဆုနှင့် လွဲခဲ့သူဖြစ်သည်။
သရုပ်ဆောင်ကောင်းသူ ဖြစ်သဖြင့် အကယ်ဒမီဆုကို ပရိသတ်ကပိုင်ဆိုင်စေချင်သော်လည်း သရုပ်ဆောင် နဝရတ်သည် အကယ်ဒီဆုနှင့် အကြိမ်ကြိမ်လွဲခဲ့သည့် အနုပညာရှင်တစ်ဦးဖြစ်သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား