Aquaman ရုပ်ရှင်ဇာတ်ကား၏ အဓိကဇာတ်ကောင် Arthur Curry နေရာတွင် ပါဝင်သရုပ်ဆောင်ရသည့် Jason Momoa က သူသည် နောက်ထွက်လာမည့် Aquaman 2 ရုပ်ရှင်၏ ဇာတ်အိမ်ဖွဲ့မှုကိုလည်း ပါဝင်ကူညီခဲ့သည်ဟု ပြောကြားခဲ့သည်။
အသက် ၄၁ နှစ်အရွယ် အမေရိကန် သရုပ်ဆောင် Jason သည် ၂၀၁၈ ခုနှစ် DC Comics ၏ Aquaman ရုပ်ရှင်၏ နောက်ဆက်တွဲဖြစ်သည့် Aquaman 2 ရုပ်ရှင်တွင် Arthur Curry နေရာနှင့် ၎င်း၏ စူပါဟီးရိုးဇာတ်ကောင် Aquaman နေရာတွင် စရိုက်နှစ်မျိုးဖြင့်သရုပ်ဆောင်ရမည့် ဇာတ်လမ်းဇာတ်ကွက်များကို ၎င်း၏ ကိုယ်ပိုင်အိုင်ဒီယာဖြင့် ထည့်သွင်းပုံဖော်ရန် ဒါရိုက်တာဂျိမ်းစ်ဝမ်က အားပေးခဲ့သည်ဟုဆိုသည်။
“ပထမရုပ်ရှင်ကားပြီးတော့ ကျွန်တော်နဲ့ ဇာတ်ညွှန်းရေးတဲ့သူဟာ ဒုတိယတစ်ကားအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ ကျွန်တော်တို့ အိုင်ဒီယာတွေထုတ်တယ်။ ဇာတ်အိမ်တွေဖွဲ့ကြတယ်” ဟု Jason က The Drew Barry more Show အစီအစဉ်တွင် ပြောကြားခဲ့သည်။
Aquaman 2 ရုပ်ရှင်ဇာတ်ကားကို ဗြိတိန်တွင် မကြာမီရိုက်ကူးတော့မည် အကြောင်းကိုလည်း ၎င်းကထုတ်ဖော်ပြောဆိုခဲ့သည်။
Aquaman 2 ရုပ်ရှင်တွင် Amber Heard ၊ Patrick Wilson နှင့် Abdul-Mateen II တို့လည်း ပြန်လည်ပါဝင်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ထွက်ရှိမည်ဖြစ်သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား