
Dracula ဇာတ်ကား၌ ပုန်းခိုရန်အခန်းအဖြစ် စိတ်ကူးရစေခဲ့သည်ဟု အများကသိထားသော ရိုမေးနီးယားရှိ Bran ရဲတိုက်သို့ လာရောက်သည့် ကမ္ဘာလှည့်ခရီးသွားများအား COVID-19 ကာကွယ်ဆေး ထိုးနှံပေးနေကြောင်း သိရသည်။ ဗန်ပိုင်းယား၏ အစွယ်များအစားအပ်များဖြင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းသည် ယခုသီတင်းပတ်အကုန် ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို လှုံ့ဆော်ခြင်း၌ ပါဝင်နေသည်။
“ကျွန်မဒီရဲတိုက်ကို မိသားစုနဲ့အတူ လာတာပါ။ ပိုစတာကိုမြင်တော့ ကျွန်မသတ္တိမွေးပြီး ဆေးထိုးခံဖို့ သဘောတူလိုက်ပါတယ်” ဟု အသက် ၃၉ နှစ်အရွယ်ရှိ အင်ဂျင်နီယာတစ်ဦးဖြစ်သော လီဗီယူနက်ကူလာက ပြောပြခဲ့သည်။
ဆေးထိုးခံသူများအား ၎င်းတို့၏သတ္တိနှင့် တာဝန်သိမှုအတွက် အသိအမှတ်ပြုလွှာ ပေးအပ်သည့်အပြင် လာမည့် နှစ် ၁၀၀ အတွင်း ရဲတိုက်ကကြိုဆိုကြောင်း ကတိကဝတ်နှင့် “နှိပ်စက်ညှင်းပန်းရေးအခန်း” သို့ အခမဲ့ဝင်ခွင့်ပါ ပေးအပ်ချီးမြှင့်ခဲ့သည်။
ကာပါသီယန်တောင်တန်းဒေသ မြူဆိုင်းနေသည့် တောင်ကြားတစ်ခုအတွင်းရှိ Bran ရဲတိုက်သည် the Impaler ဟု ထင်ရှားသူ ၁၅ ရာစု ရိုမေးနီးယားမင်းသား Vlad Tepes နှင့် ပတ်သက်နေသည်။ သို့သော် အဆိုပါမင်းသားသည် ယင်းရဲတိုက်၌ နေထိုင်ခဲ့မှုကား မရှိပေ။
ခေတ်သစ်၌ ဗန်ပိုင်းယားဟူသည့် အကြောင်းအရာတစ်ရပ်ကိုတွေ့ရှိရန် အထောက်အကူဖြစ်စေခဲ့သည့် ၁၈၉၇ ခုနှစ်က Dracula ဝတ္ထုကို ဘရန်စတုတ်ကာဟူသည့် စာရေးဆရာက ရေးသားရာတွင် မင်းသား Vlad ကို စိတ်ကူးရခဲ့ပြီး Bran ရဲတိုက်ကို အသေးစိတ်သရုပ်ဖော်ခဲ့သည်ဟု ယုံကြည်ကြသည်။
ရိုမေးနီးယားအစိုးရသည် ဖြစ်နိုင်သမျှ နိုင်ငံသားများများကို ကာကွယ်ဆေးထိုးပေးရန် ဘူခါရက်ရှိ အမျိုးသားစာကြည့်တိုက်ကဲ့သို့သော အထင်ကရနေရာများ၌ ပြည်တွင်းကာကွယ်ဆေးထိုးအစီအစဉ် လှုံ့ဆော်မှုများကို ၂၄ နာရီအတွင်း အပြင်းအထန် လုပ်ဆောင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်