
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်လွှင့်ပြသခဲ့သော အိန္ဒိယဒရာမာ ဇာတ်ကား Thappad ကို နိုင်ငံတကာရုပ်ရှင်ရုံများတွင် ရုံတင်ပြသမှုမှ ဝင်ငွေဒေါ်လာ ၄,၁၁၂,၃၀၀ ကျော်ရရှိခဲ့ကြောင်း သိရသည်။
ဟိန္ဒီဘာသာစကားပြော Thappad ဇာတ်ကားကို ဒါရိုက်တာ Anubhav Sinha က ရိုက်ကူးထားပြီး စာရေးဆရာ Christos Tsiolkas ရေးသားထားသော The Slap (၂၀၀၈ ခုနှစ်) ဝတ္တုကို အခြေခံရိုက်ကူထားခြင်းဖြစ်သည်။
ယင်းဇာတ်ကားထွက်ရှိလာချိန်က ကမ္ဘာတစ်ဝန်းတွင် COVID-19 ကူးစက်မှုများဖြစ်ပွားနေပြီး အိန္ဒိယနိုင်ငံ၌ Lockdown ချမှုများရှိခဲ့ခြင်းကြောင့် Thappad ဇာတ်ကား၏ ဝင်ငွေမှာ ခန့်မှန်းထားသည့် ပမာဏသို့ မရောက်ရှိခဲ့ပေ။
သို့သော် ယင်းဇာတ်ကားကို ရုပ်သံလိုင်းများမှတစ်ဆင့် ထုတ်လွှင့်မှုတွင် အိန္ဒိယ၌ သာမက အခြားသောနိုင်ငံများ၌ပါ ကြည့်ရှုသူအရေအတွက် များပြားခဲ့သည်။ Thappad ဇာတ်ကားကို ၂၀၂၀ မေ ၁ ရက်တွင် အွန်လိုင်းရုပ်သံလိုင်းဖြစ်သည့် Prime Vedio နှင့် OTT တို့တွင် စတင်ထုတ်လွှင့်ခဲ့သည်။
အိမ်ထောင်သက်နှစ်များစွာကြာ ပျော်ပျော်ရွှင်ရွှင် လက်တွဲခဲ့ကြသည့် ဇနီးဖြစ်သူ Amrita Sandhu နှင့် ခင်ပွန်းဖြစ်သူ Vikram Sabharwal တို့၏ ပျော်ရွှင်ဖွယ်ချစ်ခရီးမှာ အဖြစ်အပျက်တစ်ခုကြောင့် ယိုင်နဲ့သွားခဲ့သည်။
ခင်ပွန်းဖြစ်သူ Vikram သည် နာမည်ကြီးကုမ္ပဏီတစ်ခု၏ အကြီးအကဲအဖြစ် အလုပ်လုပ်ကိုင်နေသူဖြစ်ကာ ဇနီး Amrita မှာ အိမ်ရှင်မတစ်ဦးဖြစ်ပြီး ခင်ပွန်းသည်အပေါ် ၎င်း၏ဘဝတစ်ခုလုံးကို ပုံအပ်ထားသူဖြစ်သည်။ တစ်နေ့တွင် Vikram တစ်ယောက် အလုပ်တွင် ရာထူးတိုးမည့် သတင်းနှင့် လန်ဒန်ရုံးခွဲသို့ ပြောင်းရွှေ့ အလုပ်လုပ်ကိုင်ရမည့်သတင်းကို ကြားသိခဲ့ပြီးနောက် အသိမိတ်ဆွေများ၊ ဆွေမျိုးများ၊ လုပ်ဖော်ကိုင်ဖက်များကို ဖိတ်ကြား၍ နေအိမ်တွင် ပါတီပွဲ ကျင်းပကြသည်။
ပါတီပွဲအတွင်း ရာထူးတိုးမည့် သတင်းအမှန်မဟုတ်သည့်အကြောင်းနှင့် Amrita တစ်ယောက် ၎င်းထက် လုပ်သက်ငယ်သော ဝန်ထမ်းအောက်၌ အလုပ်လုပ်ကိုင်ရမည့်အကြောင်းတို့ကို သိရှိသွားခဲ့ပြီးနောက် ဒေါသထွက်ခဲ့သည့် Vikram သည် လုပ်ဖော်ကိုင်ဖက်တစ်ဦးနှင့် စကားများသည်။ ယင်းကို တားဆီးဖျန်ဖြေရန် ကြိုးပမ်းသော Amrita အား Vikram က ပါးရိုက်မိသွားခဲ့သည်။ ထိုဖြစ်ရပ် ဖြစ်ပွားပြီးနောက်ပိုင်း Amrita မှာ အကြီးအကျယ်စိတ်ဒဏ်ရာ ရသွားခဲ့ကာ Vikram အပေါ် ချစ်စိတ်အားလုံး ကုန်ဆုံးပြီး စိတ်ပျက်မှုသာ ကျန်ရှိတော့သည်။ နေ့စဉ် နေ့တိုင်း စိတ်ပျက်မှု၊ ဝမ်းနည်းမှုဖြင့် ကျော်ဖြတ်နေရသော Amrita တစ်ယောက် Vikram နှင့် ကွာရှင်းရန်ကြိုးပမ်းရာမှ တွေ့ကြုံလာရသည့် ကိစ္စများ၊ ပါးတစ်ချက် ရိုက်ခံရမှုကြောင့် Amrita ခံစားရသည့် နောက်ဆက်တွဲ စိတ်အခြေအနေ၊ အမျိုးသားများက အမျိုးသမီးများအား မည်သည့်အခြေအနေမျိုးတွင်မဆို ကိုယ်ထိလက်ရောက်ကျူးလွန်ခွင့်မရှိသည်ကို Thappad ဇာတ်ကားတွင် ခံစားမှုရသမျိုးစုံဖြင့် စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်