စိတ်ကူးယဉ် အန်နီမေးရှင်းဇာတ်ကား Over the Moon ကို နိုင်ငံတကာရုပ်ရှင်ရုံများတွင် ရုံတင်ပြသမှုမှ ဝင်ငွေဒေါ်လာ ၈၆၀,၀၀၀ ရရှိခဲ့ကြောင်း သိရသည်။
Pearl Studio မှ ထုတ်လုပ်ခဲ့သော Over the Moon အန်နီမေးရှင်းဇာတ်ကားကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၃ ရက်မှစ၍ ပြသခွင့်ပြုထားသည့် ရုပ်ရှင်ရုံများနှင့် Netflix ရုပ်သံလိုင်းတွင် စတင်ပြသခဲ့ပြီး ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသရာ၌ ကြည့်ရှုသူ အိမ်ထောင်စု ၄၃ သန်းရှိခဲ့ကြောင်း Netflix က ဇန်နဝါရီလတွင် ပြောကြားခဲ့သည်။
ထာဝရရှင်သန်နိုင်သော မှော်ဆေးရည်ကို သောက်မိခဲ့သည့် အမျိုးသမီးသည် သူ၏ချစ်ရသူ Hou Yi နှင့် ရှင်ကွဲကွဲခဲ့ရပြီး လနတ်သမီး Chang’e ဖြစ်သွားခဲ့သည့် ဒဏ္ဍာရီလာပုံပြင်ကို မိခင်ဖြစ်သူထံမှ နားထောင်ခဲ့ရပြီးနောက် အသက် ၁၃ နှစ်အရွယ် ဉာဏ်ပညာထက်မြတ်သူ မိန်းကလေး Fei Fei သည် ယင်းပုံပြင်ကို ဖြစ်ရပ်မှန်ပုံပြင်တစ်ပုဒ်အဖြစ် အမြဲတမ်းယုံကြည်နေခဲ့သူ ဖြစ်သည်။
ချစ်ခင်ရသည့် မိခင်ဖြစ်သူ ကွယ်လွန်သွားပြီးနောက်ပိုင်း ဖခင်ဖြစ်သူမှာ နောက်မိန်းမယူရန် ပြင်ဆင်နေသည်ကို Fei Fei သိရှိသွားခဲ့သည့်အချိန်၌ Fei Fei ၏ ကမ္ဘာတစ်ခုလုံး ပြိုလဲသွားသကဲ့သို့ ဖြစ်ခဲ့သည်။ ဖခင်၏လုပ်ရပ် မှားယွင်းနေကြောင်း ပြသရန်အတွက် Fei Fei သည် လနတ်သမီး Chang’e ထံ အကူအညီတောင်းရန် ကိုယ်တိုင် ရော့ကတ်တစ်စင်းတီထွင်၍ လကမ္ဘာသို့ ပျံသန်းသွားရောက်ခဲ့သည်။ လပေါ်သို့ ရောက်ရှိသွားသော Fei Fei တစ်ယောက် လနတ်သမီး Chang’e ထံမှ အကူအညီရရှိ နိုင်မည်လား၊ အချစ်စစ် အမှန်တကယ် တည်ရှိသည်ကို သက်သေပြနိုင်မည်လား ဆိုသည်ကို Over the Moon အန်နီမေးရှင် ဇာတ်ကားတွင် စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမည်ဖြစ်သည်။
Over the Moon အန်နီမေးရှင်ဇာတ်ကားသည် ၉၃ ကြိမ်မြောက် အော်စကာဆုပေးပွဲ၏ အကောင်းဆုံးအန်နီမေးရှင်းဇာတ်ကားဆု ဆန်ခါတင်စာရင်းထဲတွင် ပါဝင်ခဲ့သော ဇာတ်ကားလည်းဖြစ်သည်။
ထိုအန်နီမေးရှင်းဇာတ်ကားအတွင်း On the Moon Above ၊ Mooncakes ၊ Rocket to the Moon ၊ Ultealuminary ၊ Hey Boy ၊ Wonderful ၊ Yours Forever ၊ Love Someone New အမည်ရှိ ဇာတ်ဝင် တေးသီချင်းကောင်းများစွာ ထည့်သွင်းထားသည်။
ဒါရိုက်တာ Glen Keane ရိုက်ကူးထားသော Over the Moon အန်နီမေးရှင်းဇာတ်ကားတွင် Fei Fei ဇာတ်ကောင်နေရာ၌ Cathy Ang ကလည်းကောင်း၊ Fei Fei ၏ ဖခင်ဇာတ်ကောင်နေရာ၌ John Cho က လည်းကောင်း၊ Fei Fei ၏ မိခင်ဇာတ်ကောင်နေရာ၌ Ruthie Ann Miles ကလည်းကောင်း၊ လနတ်သမီး Chang’e အန်နီမေး ရှင်းဇာတ်ကောင်နေရာ၌ Phillipa Soo က လည်းကောင်း အသံ နောက်ခံပြောကြားပေးထားပြီး ဒေါ်လာ ၄၄ သန်း အကုန်ကျခံ ရိုက်ကူးထားသော ဇာတ်ကားဖြစ်သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား