
ပါဘလိုပီကာဆို၏ ပန်းချီလက်ရာတစ်ခုဖြစ်သော Woman Sitting Near a Window (Marie Therese) ကို နယူးယောက်မြို့ရှိ Christie’s America လေလံပွဲတွင် လေလံတင်ရောင်းချရာ ဒေါ်လာ ၁၀၃.၄ သန်းဖြင့် ရောင်းထွက်ခဲ့ကြောင်း သိရသည်။
ထိုပန်းချီကို ၁၉၃၂ ခုနှစ်တွင် ပီကာဆိုရေးဆွဲပြီးစီးခဲ့ခြင်းဖြစ်ပြီး လေလံတင်ရောင်းချရာ၌ ၁၉ မိနစ်အတွင်း လေလံပြိုင်စျေးဒေါ်လာ သန်း ၉၀ အထိ ရောက်ရှိလာကာ နောက်ပိုင်းတွင် ဒေါ်လာ ၁၀၃.၄ သန်းဖြင့် ရောင်းထွက်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုငွေကြေးပမာဏထဲတွင် ပန်းချီတန်ဖိုးနှင့်ကော်မရှင်ကြေး များပါဝင်ပြီးဖြစ်ကြောင့် Christie’s America လေလံဌာနက ဆိုသည်။
COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားနေသော်လည်း ပန်းချီအနုပညာစျေးကွက် ကျဆင်းသွားခြင်းမရှိသည်ကို ထိုပန်းချီလေလံရောင်းထွက်ခဲ့မှုက ပြသနေသည်။
ပီကာဆို၏ အပျော်မယားငယ် Marie Therese Walter ၏ ပုံကို ရေးဆွဲသရုပ်ဖော်ထားသော Woman Sitting Near a Window ပန်းချီသည် လွန်ခဲ့သော ရှစ်နှစ်က လန်ဒန်၌ လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၄၄.၈ သန်းခန့်သာ ရရှိခဲ့သည်။
လက်ရှိအချိန်အထိ သန်း ၁၀၀ ကျော်ဖြင့် လေလံတင်ရောင်းထွက်ခဲ့သော ပန်းချီများထဲတွင် စပိန်ပန်းချီဆရာ ပီကာဆို၏ ပန်းချီလက်ရာ ငါးခုပါဝင်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်