Top News

Mortal Kombat စိတ်ကူးယဉ်အက်ရှင်ဇာတ်ကားကို နိုင်ငံတကာရုပ်ရှင်ရုံများတွင် ရုံတင်ပြသမှုမှ ဒေါ်လာ ၇၂.၅ သန်းရရှိခဲ့
24htopnews | July 24, 2024 2:12 PM CST

၂၀၂၀ ဧပြီလတွင် နိုင်ငံတကာ ရုပ်ရှင်ရုံများ၌ စတင်၍ ရုံတင်ပြသခဲ့သော Mortal Kombat အက်ရှင်ဇာတ်ကားသည် ရုံဝင်ငွေဒေါ်လာ ၇၂.၅ သန်းရရှိခဲ့ကြောင်း သိရသည်။

Mortal Kombat ဗီဒီယိုဂိမ်းကို အခြေခံ၍ ပုံဖော်ရိုက်ကူးထားသော ယင်းဇာတ်ကားသည် ၁၉၉၅ ခုနှစ်က ထွက်ရှိခဲ့သည့် ပထမဆုံး Mortal Kombat ဇာတ်ကား၊ ၁၉၉၇ ခုနှစ်ကထွက်ရှိခဲ့သည့် Mortal Kombat:Annihilation ဇာတ်ကားပြီးပါက တတိယမြောက်ဇာတ်ကားဖြစ်သည်။

ပိုက်ဆံအတွက် မည်သည့်အရာမဆို ရင်ဆိုင်ရန် ကြောက်ရွံ့မနေသော MMA ဖိုက်တာ Cole Young သည် ပြင်ပကမ္ဘာမှ ဧကရာဇ် Shang Tsung ၏ရန်အန္တရာယ်ကို အချိန်ကာလတစ်ခုအထိ သတိမမူမိခဲ့ချေ။ ၎င်းအားအမိအရ ဖမ်းနိုင်ရန် ဧကရာဇ် Shang က သူ၏အကောင်းဆုံးစစ်သည် Sub-Zero အား စေလွှတ်လိုက်သည်ကို Cole သိရှိသွားသောအခါ ၎င်း၏မိသားစု ဘေးကင်းရေးအတွက် ပြင်ပကမ္ဘာမှ ရန်သူများအား ယှဉ်ပြိုင်တိုက်ခိုက်နိုင်ရန် ကမ္ဘာမြေ၏ အင်အားအကြီးဆုံး ချန်ပီယံများကို Cole တစ်4ယောက် ရှာဖွေနိုင်မည်လား၊ ၎င်း၏မိသားစုကို ကယ်တင်နိုင်ရန်သာမက ပြင်ပကမ္ဘာကိုပါ ဟန့်တားနိုင်မည်လားဆိုသည်ကို Mortal Kombat ဇာတ်ကားတွင် ကြည့်ရှုခံစားရမည် ဖြစ်သည်။

ဒါရိုက်တာ Simon McQuoid ရိုက်ကူးထားသော ယင်းဇာတ်ကားတွင် Lewis Tang၊ Jessica McNamee၊ Joe Taslim တို့ပါဝင်ထားသည်။


READ NEXT
Cancel OK