
မတ် ၂၇ ရက်က အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်တွင် ကျင်းပသည့် ၂၀၂၂ ခုနှစ် အော်စကာထူးချွန်ဆုပေးပွဲအခမ်းအနားတွင် သရုပ်ဆောင်ဝယ်လ်စမစ်က သူ့ဇနီး၏ဆံပင်ပုံကို ဟာသလုပ်ပြောဆိုခဲ့သည့် အစီအစဉ်တင်ဆက်သူ အမေရိကန်ဟာသသရုပ်ဆောင် ခရစ္စရော့ခ်ကို စင်ပေါ်တွင် ပါးတက်ရိုက်ခဲ့ပြီး နောက်တစ်နေ့တွင် သူ့လုပ်ရပ်က မှားကြောင်း ခရစ္စရော့ခ်အား ပြန်တောင်းပန်လိုက်သည်။
King Richard ရုပ်ရှင်ဇာတ်ကားကြီးဖြင့် အကောင်းဆုံးဇာတ်ဆောင်မင်းသားဆုကို တက်ရောက်လက်ခံယူစဉ် ဝယ်လ်စမစ်က အော်စကာဆုချီးမြှင့်ရေးအဖွဲ့နှင့် ပွဲတက်ရောက်လာသူများကို တောင်းပန်စကားဆိုခဲ့သော်လည်း ရော့ခ်ကိုမူ မတောင်းပန်ခဲ့ပေ။
အစက ထိုအဖြစ်အပျက်ကို ဇာတ်တိုက်ထားသဖွယ်ထင်ခဲ့ကြပြီး စင်ပေါ်ကဆင်းသွားပြီး ထိုင်ခုံကို ပြန်ရောက်လာပြီးနောက် အော်ပြောလိုက်သည့် စမစ်၏စကားကြောင့် တကယ်ဖြစ်နေမှန်းသိခဲ့ကြသည်။ ငါ့မိန်းမနာမည်ကို မင်းပါးစပ်ကနေမထွက်နဲ့ဟု စမစ်က ခပ်ကြမ်းကြမ်းအော်ပြောခဲ့သည်။
စမစ်၏ဇနီး ဂျေဒါပင်းကတ်စမစ်၏ ကတုံးကေကိုရည်ရွယ်ကာ ခရစ္စရော့ခ်က စင်မြင့်ထက်မှ ဂျေဒါရေ၊ GI 2 ဇာတ်ကား ကြည့်ဖို့မစောင့်နိုင်တော့ဘူးဟု ရယ်စရာလုပ်ပြောလိုက်သည်ကို ဝယ်လ်စမစ်က ပေါက်ကွဲသွားခြင်းဖြစ်သည်။ ၁၉၉၇ ခုနှစ်က GI Jane ဇာတ်ကားထဲတွင် ဇာတ်လိုက်မင်းသမီး ဒမ်မီမောက ကတုံးကေဖြင့် သရုပ်ဆောင်ထားသည်ကို ဆက်စပ်ပြောလိုက်ခြင်းဖြစ်ပြီး စမစ်က စင်ပေါ်သို့တက်လာကာ ရော့ခ်၏ပါးကို ရိုက်ချလိုက်သည်။
နောက်တစ်နေ့ မတ် ၂၈ ရက်တွင် အော်စကာဆုရွေးချယ်ရေးအဖွဲ့က ဝယ်လ်စမစ်၏ လုပ်ရပ်ကိုရှုတ်ချကြောင်းနှင့် ဖြစ်စဉ်ကို စတင်စစ်ဆေးနေပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်လိုက်သည်။ ထိုနေ့နှောင်းပိုင်းတွင် စမစ်ကလည်း မည်သည့်ပုံစံဖြင့်ဖြစ်စေ အကြမ်းဖက်မှုဟူသည် အန္တရာယ်ဖြစ်စေပြီး အော်စကာပွဲညက သူ့အပြုအမူသည် လက်ခံနိုင်စရာမရှိ။ ဇနီးသည်၏ကျန်းမာရေးအခြေအနေကို ဟာသလုပ်ခံရခြင်းသည် သူ့အတွက် သည်းခံဖို့ရာခက်သည့်အတွက် စိတ်ခံစားချက်အရ တုံ့ပြန်မိလိုက်ခြင်းဖြစ်သည်ဟုဆိုကာ သူမှားသွားကြောင်း၊ သူ့လုပ်ရပ်က သူဖြစ်ချင်သည့်လူစားမျိုး မဟုတ်ကြောင်း ခရစ္စရော့ခ်ကို ပြန်တောင်းပန်လိုက်သည်။
ဝယ်လ်စမစ်၏ ဇနီးဂျေဒါသည် alopecia ဟုခေါ်သည့် ဆံပင်ကျွတ်ဝေဒနာတစ်ရပ်ကို ခံစားနေရသည်ဟု ပြီးခဲ့သည့် ဒီဇင်ဘာတွင် Billboard မဂ္ဂဇင်းသို့ ပြောခဲ့ဖူးသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်