
အမေရိကန်အဆိုတော် မိုင်လေဆိုင်းရပ်စ်က သြစတြေးလျရုပ်ရှင်မင်းသား လီယမ်ဟမ်းစ်ဝါ့နှင့် သူ့အိမ်ထောင်ရေးက ကံဆိုးမှုတစ်ခုဟု ဘရာဇီးတွင်ပြုလုပ်သည့်ဖျော်ဖြေပွဲတစ်ခုတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
နာမည်ကျော် Midnight Sky သီချင်း သီဆိုသူဆိုင်းရပ်စ်က မတ် ၂၆ ရက်ညက ဆော်ပိုလိုမြို့တွင်ပြုလုပ်သည့်ပွဲတော်တွင် ပါဝင်ဖျော်ဖြေခဲ့ပြီး လက်ထပ်ခွင့်တောင်းမည့် လိင်တူစုံတွဲတစ်တွဲကို စင်ပေါ်ခေါ်ခဲ့သည်။
၎င်းအတွဲကိုဂုဏ်ပြုပြီးသည့်နောက် ဆိုင်းရပ်စ်က “မင်းတို့အိမ်ထောင်ရေး ငါ့ထက် သာပါစေလို့ ဆုတောင်းပါတယ်၊ငါကတော့ ကံဆိုးခဲ့တယ်”ဟု ပြောသွားခဲ့သည်။
အသက် ၂၉ နှစ်အရွယ် မိုင်လေဆိုင်းရပ်စ်က Attention : Miley Live အမည်ဖြင့် တေးအယ်လ်ဘမ်သစ်ထွက်ဦးမည်ဟုလည်း ဖျော်ဖြေပွဲတွင်ကြေညာခဲ့သည်။ ၎င်းအခွေက ဧပြီ ၁ ရက်တွင် ထွက်လာမည်ဖြစ်သည်။
ဆိုင်းရပ်စ်သည် Hunger Games သရုပ်ဆောင် လီယမ်ဟမ်းစ်ဝါ့နှင့်လက်ထပ်ပြီး တစ်နှစ်အတွင်း ၂၀၁၉ ခုနှစ်၊ သြဂုတ်တွင် လမ်းခွဲလိုက်သည်။
ယခင်ကတည်းက သူတို့အိမ်ထောင်ရေးတွင် အဆင်မပြေမှု၊ ပဋိပက္ခများစွာ ရှိနေခဲ့သည်ဟု ဆိုင်းရပ်စ်ကဝန်ခံခဲ့ဖူးသည်။ “အဆင်မပြေတာတွေ အများကြီးပဲ၊ ကျွန်မ အိမ်ပြန်လာရင် တစ်စုံတစ်ဦးကို မှီတွယ်ထားချင်မိတယ်”ဟု သူပြောခဲ့ဖူးသည်။
သူတို့နှစ်ဦးသည် ၂၀၁၂ ခုနှစ်၊ မေတွင် စေ့စပ်ခဲ့ကြပြီး တစ်နှစ်ကျော်အကြာ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာတွင်ပြတ်သွားကြသည်။ သို့သော် ၂၀၁၆ ခုနှစ်တွင် ပြန်တွဲခဲ့ကြသည်။
မိုင်လေဆိုင်းရပ်စ်သည် မကြာသေးမီက ပါရာဂွေးနိုင်ငံတွင်ပြုလုပ်သည့် ဂီတပွဲတစ်ခုသို့အသွား လေယာဉ်ကိုမိုးကြိုးထိမှန်ခဲ့မှုကြောင့် ဘရာဇီးနှင့်ထိစပ်နေသည့် ပါရာဂွေး နယ်စပ်မြို့လေးအနီး အခြားလေဆိပ်တစ်ခုတွင် လေယာဉ်အရေးပေါ်ပြောင်းဆင်းလိုက်ရသည်။ ထို့နောက်ဆိုင်းရပ်စ်သည် ဆော်ပိုလိုသို့ ဆက်လက်ထွက်ခွာသွားသည်ဟု ပါရာဂွေးမြို့ပြလေကြောင်းဦးစီးဌာနရုံးက ပြောသည်။ ဆိုင်းရပ်စ်နှင့်အတူလိုက်ပါသွားကြသည့် တီးဝိုင်းအဖွဲ့သားများ၊ မိသားစုဝင်၊ မိတ်ဆွေအားလုံးလည်း ဘေးကင်းခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်