ယောကျ်ားလေးကေပေါ့အဖွဲ့ Pentagon မှအဖွဲ့ဝင် Yeo One နှင့် Wooseok တို့ ကိုဗစ်ကူးစက်ထားကြောင်း ၎င်းတို့၏အေဂျင်စီ Cube Entertainment က မတ် ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။
အဖွဲ့ဝင်နှစ်ဦးစလုံး ကိုဗစ်စစ်စက်ဖြင့် ကိုယ်တိုင်စစ်ကြည့်ပြီးမှ PCR ဆေးစစ်ချက်ဖြင့် အဖြေ Positive ပိုသေချာသွားသည်ဟု အေဂျင်စီကဆိုသည်။ နှစ်ဦးစလုံး ကာကွယ်ဆေးနှစ်ကြိမ်စီ ထိုးနှံပြီးဖြစ်ပြီး လက်ရှိ၌ အနုပညာလှုပ်ရှားမှုများ ရပ်ဆိုင်းထားသည်။
Woosek က KBS2 ၏ Immortal ဂီတရုပ်သံအစီအစဉ် ပါဝင်ရိုက်ကူးရန် စီစဉ်ထားသော်လည်း မပါဝင်နိုင်တော့ပေ။ တောင်ကိုရီးယားတွင် ဂီတနှင့်ရုပ်ရှင်အနုပညာရှင်အများစု ကိုဗစ်ကူးစက်ခံရပြီးဖြစ်သည်။
Pentagon အဖွဲ့ကိုCube Entertainment က ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး လက်ရှိအဖွဲ့ဝင်ဦးရေမှာ ကိုးဦးရှိသည်။ ဖွဲ့စည်းစက အဖွဲ့ဝင် ၁၀ ဦးရှိသော်လည်း ၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် တစ်ဦးထွက်သွားသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား