
အခွန်တိမ်းရှောင်မှုဖြင့် အရေးယူခံရသည့် အနုပညာလောကမှထင်ပေါ်သူများထဲ တရုတ်ဇာတ်လမ်းတွဲ Ashes of Love မှ ခေါင်းဆောင်မင်းသား တုန်းလွန်လည်း ပါဝင်သွားပြီဖြစ်သည်။
အသက် ၂၉ နှစ်ရှိပြီဖြစ်သည့် တုန်းလွန်သည် အီတလီလက်ဝတ်ရတနာကုမ္ပဏီ Bvlgari၊ ပြင်သစ်အလှကုန် L’Oreal၊ ဖက်ရှင်ကုမ္ပဏီ Roger Vivier တို့အတွက် ကြော်ငြာပေးနေသူဖြစ်ပြီး ဆွစ်ဇာလန်ဖက်ရှင်ကုမ္ပဏီ Bally ၏ အာရှ-ပစိဖိတ်ဒေသတွင်း အမျိုးသား Brand Ambassador အဖြစ် ပထမဆုံးတာဝန်ယူထားသူဖြစ်သည်။
မတ် ၁၅ ရက်တွင် တရုတ်အာဏာပိုင်များက တုန်းလွန်ကို အခွန်တိမ်းရှောင်မှုဖြင့် အမေရိကန်ဒေါ်လာ ၁၆.၆ သန်းဒဏ်ငွေချ မှတ်လိုက်ပြီး ရှန်ဟိုင်းအခွန်အာဏာပိုင်များ အဆိုအရ သူသည် ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ခုနှစ်အကြား သူ၏ဝင်ငွေမှန်ကိုမသိစေရန် မမှန်မကန်ဖော်ပြခဲ့မှုများ ရှိခဲ့သည်။
သူသည်ဝင်ငွေခွန် အမေရိကန်ဒေါ်လာ ၇.၅ သန်းကို ရှောင်တိမ်းခဲ့ပြီး နောက်ထပ်ဒေါ်လာ ၂.၁၉ သန်း ရှောင်တိမ်းခဲ့မှုလည်း ရှိနေပြန်သည်။
ယခုကဲ့သို့ အခွန်အရှုပ်အရှင်းကိစ္စဖြစ်လာပြီးနောက် L’Oreal နှင့် Roger Vivier တို့ဘက်မှ တုန်းလွန်ကြော်ငြာထားသည့် ဆိုရှယ်မီဒီယာပို့စ်များကို ဖျက်လိုက်ပြီး L’Oreal က သူနှင့်လက်တွဲဖြုတ်ကြောင်းကိုပါ ကြေညာလိုက်သည်။
တုန်းလွန်ဘက်မှလည်း တရုတ်ဆိုရှယ်မီဒီယာဖြစ်သည့် ဝေပိုတွင် တောင်းပန်စာတင်ထားပြီး “အခွန်အာဏာပိုင်တွေ ဆုံးဖြတ်သမျှကို လက်ခံပါမယ်။ အကျိုးဆက်အားလုံးကို ရင်ဆိုင်ပါ့မယ်။ အရင်အတိုင်းလည်း အလုပ်ကြိုးစားသွားပါ့မယ်” ဆိုသည့်စာကို ဖော်လိုဝါသန်း ၄၀ ကျော်အား မြင်စေခဲ့သည်။ နောက်ပိုင်းဝေပိုနှင့်တုံယင် လူမှုကွန်ရက်များပေါ်ရှိ တုန်းလွန်၏အကောင့်များလည်း အပိတ်ခံလိုက်ရသည်။
အနုပညာရှင်များ၊ အွန်လိုင်းဆယ်လီများအနေဖြင့် ပေးဆောင်ရန်နောက်ကျနေသည့် အခွန်များကိုပေးဆောင်ကြရန် တရုတ်အခွန်အာဏာပိုင်များက ဒီဇင်ဘာတွင်အချိန် ၁၀ ရက်ပေးခဲ့သေးသည်။ မိမိတို့၏ဝင်ငွေကို လျှော့ဖော်ပြထားသည့် အနုပညာရှင်များ နှစ်ကုန်အမီစာရင်းပြန်မတင်ပါက ပြင်းထန်စွာ အပြစ်ပေးခံရနိုင်သည်ဟုလည်း ထိုကတည်းက သတိပေးခဲ့သည်။ မနှစ်ကသြဂုတ်တွင် မင်းသမီးကျန့်ရွှမ် အခွန်ရှောင်မှုဖြင့် အမေရိကန်ဒေါ်လာ ၄၆ သန်း ဒဏ်ရိုက်ခံရပြီး ထိပ်တန်းမင်းသမီး ဖန်ပင်းပင်းမှာမူ ၂၀၁၈ အခွန်အရှုပ်တော်ပုံဖြစ်ပြီးနောက်ပိုင်း အနုပညာအလုပ်များ ရပ်တန့်သွားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်