ယူကရိန်းသမ္မတဇာတ်ကောင်ဖြင့် (လက်ရှိယူကရိန်းသမ္မတ) ဗိုလိုဒီမာဇယ်လန်းစကီး ပါဝင်သရုပ်ဆောင်ထားသည့် ရုပ်သံဇာတ်လမ်းတွဲ Servant of The People ကို ပြသတော့မည်ဟု မတ် ၁၆ ရက်တွင် Netflix က ကြေညာထားသည်။
ထိုဇာတ်လမ်းတွဲသည် သမ္မတအဖြစ် ရွေးကောက်မခံရမီ ဇယ်လန်းစကီး နောက်ဆုံးသရုပ်ဆောင်ထားသည့် ဇာတ်လမ်းတွဲဖြစ်သည်။
အပိုင်း ၅၁ ပိုင်းကို Season သုံးပိုင်းဖြင့် ၂၀၁၅ ခုနှစ် အောက်တိုဘာတွင် စတင်ပြသခဲ့သည့် ၎င်းဇာတ်လမ်းတွဲတွင် ဟာသသရုပ်ဆောင် ဇယ်လန်းစကီးက အထက်တန်းကျောင်းဆရာ ပက်ထရိုဗစ်ချ် ဂိုလိုဘိုရော့ကို အဖြစ်မှ အစိုးရ၏အကျင့်ပျက်ခြစားမှုကို သူရှုတ်ချပြောထားသည့် ဗီဒီယိုပျံ့သွားပြီးနောက် မမျှော်လင့်ဘဲ သမ္မတဖြစ်သွားသူအဖြစ် သရုပ်ဆောင်ထားသည်။
လက်တွေ့တွင်လည်း သူသည် ၂၀၁၉ ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်။ ထိုဇာတ်လမ်းတွဲကို BBC ကလည်း ပြန်လည်ထုတ်လွှင့်ပြသပြီးဖြစ်သည်။ Servant of The People သည် ၂၀၁၆ ခုနှစ် WorldFest-Houston ရုပ်ရှင်ပွဲတော်တွင် Gold Remi ဆု ရထားသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား