တောင်ကိုရီးယားသရုပ်ဆောင် ဂျောင်ဟိုယွန်း၏ ဆုရပွဲဦးထွက်ရုပ်ရှင်ဇာတ်လမ်းတွဲ Squid Game ပြီးနောက် ၎င်း၏ပထမဆုံး ဇာတ်လမ်းတွဲရိုက်ကူးရေးအဖြစ် ဂျောင်ဟိုယွန်းသည် မက္ကဆီကို ဒါရိုက်တာ အယ်ဖွန်ဆို ကူအာရွန်၏ ဇာတ်လမ်းတွဲသစ်တွင်ပါဝင်သွားမည်ဟု သိရသည်။
အယ်ဖွန်ဆိုကူအာရွန်၏ အသစ်ထွက်ရှိမည့် Apple TV+ ဇာတ်လမ်းတွဲ Disclaimer တွင် ဂျောင်ဟိုယွန်း ပါဝင်မည်ဖြစ်ကြောင်း မတ် ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
မော်ဒယ်အဖြစ်မှ သရုပ်ဆောင်လောကတွင်း ဝင်ရောက်လာသည့် ဂျောင်ဟိုယွန်းသည် ထိုရုပ်သံဇာတ်လမ်းတွဲတွင် သြစတြေးလျမင်းသမီး ကိတ်ဘလန့်ချ်၊ အမေရိကန်သရုပ်ဆောင် ကယ်ဗင်ကလင်း၊ ဗြိတိန်မင်းသား ဆာချာဘာ ရွန်ကိုဟန်နှင့် သြစတြေးလျမင်းသား ကိုဒီစမစ်မက်ဖီးတို့နှင့်အတူ ပူးပေါင်းသရုပ်ဆောင် သွားမည်ဖြစ်သည်။
စာရေးဆရာမ ရီနေးနိုက်၏ဝတ္ထုကို အခြေခံရိုက်ကူးထားပြီး ဇာတ်လမ်းတွဲအမည်အား ဝတ္ထုအမည်နှင့်ဆင်တူပေးထားသည့် Disclaimer ဇာတ်လမ်းတွဲသည် သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲဖြစ်ပြီး ယင်းတွင် ဂျောင်ဟိုယွန်းသည် ရည်မှန်းချက်ကြီးပြီး အလုပ်ကြိုးစားသည့် ကင်အမည်ရှိ ဇာတ်ကောင်နေရာမှ ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား