
အသက် ၄၁ နှစ်အရွယ် Loki မင်းသား တွန်ဟစ်ဒယ်စတန်သည်မကြာသေးမီက ဗြိတိန်ရုပ်ရှင်အကယ်ဒမီဆုပေးပွဲအခမ်းအနား (BAFTAs) သို့ ၎င်း၏ချစ်သူ Marvel မင်းသမီး ဇာဝီအက်ရှ်တန်နှင့်အတူ တက်ရောက်လာသည်ကို မြင်တွေ့ခဲ့ပြီး ဇာဝီရဲ့လက်တွင် တောက်ပနေသည့် စေ့စပ်လက်စွပ်လေးကို မြင်တွေ့ခဲ့ရသည်ဟု People မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။
ကြီးမားပြီး ဘဲဥပုံစိန်တစ်လုံးနှင့်အတူ သေးငယ်သည့် စိန်များဝန်းရံထားသည့် စေ့စပ်လက်စွပ်ကို ဟစ်ဒယ်စတန်နှင့် သုံးနှစ်ကြာ တွဲနေသည့် အသက် ၃၇ နှစ်အရွယ် အက်ရှ်တန်၏လက်တွင် ဝတ်ဆင်ထားသည်ကို မြင်တွေ့ခဲ့ရသော်လည်း Huff Post သတင်းတွင် ဖော်ပြချက်အရ သူသည် ယင်းလက်စွပ်အား လွန်ခဲ့သည့်နှစ်မှစ၍ အခမ်းအနားပေါင်းများစွာတွင် ဝတ်ဆင်ခဲ့သည်ဟုဆိုသည်။
ယင်းစုံတွဲသည် ၂၀၁၉ ခုနှစ်က Betrayal ရုပ်ရှင်တွင် လက်ထပ်ထားသည့် ဇနီးမောင်နှံအဖြစ် သရုပ်ဆောင်ခဲ့ချိန်က စတင်တွေ့ဆုံခဲ့သည်။
ဟစ်ဒယ်စတန်သည် နာမည်ကျော် ရုပ်ရှင်များဖြစ်သည့် Crimson Peak နှင့် Kong : Skull Island တို့အပါအဝင် ရုပ်ရှင် ဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။
အက်ရှ်တန်သည် Nocturnal နှင့် Velet Buzzsaw ရုပ်ရှင်များတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး အသစ်ထွက်ရှိလာမည့် The Marvels ဇာတ်လမ်းတွင် ဘာရီလာဆန်၏ Captain Marvel နှင့်အတူ တွဲဖက်သရုပ်ဆောင်သွားမည်ဖြစ်သည်။
ဟစ်ဒယ်စတန်နှင့် အက်ရှ်တန်တို့စုံတွဲသည် မကြာမီ လက်ထပ်ထိမ်းမြားတော့မည်ဖြစ်ကြောင်း သတင်းများစွာထွက်ပေါ်နေသည်။
သို့သော် ယခင်က နာမည်ကျော်ပေါ့အဆိုတော် တေလာဆွစ်နှင့်တွဲခဲ့သည့် ဟစ်ဒယ်စတန်ကမူ အက်ရှ်တန်နှင့်လက်ထပ်ထိမ်းမြားမည့်အကြောင်းကို ဖွင့်ဟပြောကြားခြင်း မရှိသေးပေ။
“လူတိုင်းမှာ ကိုယ့်ရဲ့သီးသန့်ဘဝရှိပါတယ်။ ကျွန်တော်ကြိုက်တာ ကျွန်တော်လုပ်တယ်။ ကျွန်တော့်ဘဝကို ကောင်းမွန်တဲ့အနုပညာနဲ့ ဖျော်ဖြေမှုတွေမှာ နစ်မြှုပ်ထားတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ သဘောထားကွဲ လွဲနေတာမျိုးမရှိဘူး။ ကျွန်တော့်ရဲ့အလုပ်က အများနဲ့သက်ဆိုင်တဲ့ကိစ္စဖြစ်ပြီး ကျွန်တော့်မှာ ကိုယ်ပိုင်ဘဝတစ်ခုလည်းရှိပါတယ်။ ကျွန်တော်ဒီနှစ်ခုကို သက်သက်စီခွဲထားပါတယ်” ဟု ဟစ်ဒယ်စတန်က ၂၀၁၇ ခုနှစ်က Telegraph သတင်းနှင့်အင်တာဗျူး၌ ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်