
ဘောလုံးအကျော်အမော် ဒေးဗစ်ဘက်ခမ်းက ၎င်း၏ Instagram အကောင့်အား ကိုယ်ဝန်ဆောင်ကလေးများနှင့် ရင်သွေးငယ်များကို ကူညီပေးနေသည့် ယူကရိန်းဆရာဝန် Iryna ထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း မတ် ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ရုရှား၏ ကျူးကျော်မှုအတွင်း အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်သည့် ဆရာဝန်ကောင်းတစ်ဦး၏ အံ့မခန်းဖွယ်လုပ်ဆောင်မှုများနှင့် လုပ်ဖော်ကိုင်ဘက်ကျန်းမာရေး စောင့်ရှောက်မှုဝန်ထမ်းများ၏ လုပ်ဆောင်မှုများကို မီးမောင်းထိုးပြနိုင်ရန် ရည်ရွယ်၍ဘက်ခမ်းက ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ဒေါက်တာ Iryna သည် ခါခိဗ်မြို့ရှိ ဒေသတွင်း သားဖွားမီးယပ်စင်တာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ မိခင်အသစ်များနှင့် ကလေးများနှင့်အတူ ၎င်းအလုပ်နှင့်သက်ဆိုင်သည့် ဓာတ်ပုံများ၊ ဝမ်းနည်းဖွယ်ဇာတ်ကြောင်းများကို မျှဝေပေးနေသူဖြစ်သည်။
Instagram တွင် တင်ထားသော ၎င်း၏ပိုစ့်များတွင် ရုရှား၏ကျူးကျော်မှု ပထမရက်အတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် မီးဖွားပြီးစမိခင်များသည် အလွန်ကျဉ်းမြောင်းသော မြေအောက်ထပ်တွင် ပုန်းအောင်းနေပုံကို ပြသခဲ့သည်။
“ပထမဆုံးနေ့ရက်တွေက အရမ်းခက်ခဲခဲ့တဲ့ အချိန်တွေဖြစ်ပါတယ်။ ကျွန်မတို့တွေ ဗုံးပေါက်ကွဲတာတွေနဲ့ တိုက်ခိုက်မှုတွေနဲ့အတူ ဘယ်လိုအလုပ်လုပ်ရမလဲဆိုတာ သင်ယူနေပါတယ်။ မိခင်တွေနဲ့အတူ ဆိုးရွားတဲ့အချိန်သုံး နာရီကို ကုန်ဆုံးခဲ့ပါတယ်။ ကံမကောင်းစွာပဲ အသက်ကယ်ပစ္စည်းတွေကို မှီခိုနေရတဲ့အထူး ကြပ်မတ်ကုသဆောင်က ကလေးတွေကိုတော့ ကျွန်မတို့တွေနဲ့အတူ ခေါ်လာလို့မရခဲ့ပါဘူး” ဟု ဒေါက်တာ Iryna က ရေးသားခဲ့သည်။
Instagram လွှဲပြောင်းပေးအပ်ကြောင်း ကြေညာသည့်ပိုစ့်တွင် ဘက်ခမ်းက “ဒီနေ့ကျွန်တော့်ရဲ့ လူမှုချန်နယ်တွေကို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မီးဖွားနိုင်အောင်ကူညီပေးနေတဲ့ ယူကရိန်းနိုင်ငံ ခါခိဗ်မြို့က သားဖွားဆေးရုံ အကြီးအကဲ Iryna ဆီလွှဲပြောင်းပေးလိုက်ပါပြီ” ဟု ရေးသားခဲ့သည်။
UNICEF သံအမတ်ကြီးကလည်း ၎င်း၏ Followers ၇၁.၅ သန်းအား ယူကရိန်းကို ထောက်ပံ့မှုများ လုပ်ဆောင်ပေးရန် တိုက်တွန်းပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်