နာမည်ကျော် ပွာတိုရီကို ရက်ပ်အဆိုတော် ဒက်ဒီယန်းကီ ဂီတလောကမှ မကြာမီအနားယူတော့မည်ဖြစ်သည်။ သို့သော် ဂီတနယ်ပယ်ကို နှုတ်မဆက်မီ ဒက်ဒီယန်းကီ၏နောက်ဆုံးမြောက် သီချင်းခွေအယ်လ်ဘမ် Legendaddy ထွက်လာဦးမည်ဖြစ်ပြီး ကမ္ဘာလှည့်ဖျော်ဖြေမှုလည်း ပြုလုပ်သွားရန် အစီအစဉ်ရှိသည်ဟု အသက် ၄၅ နှစ်အရွယ် ယန်းကီက ကြေညာထားသည်။
“ဒီမာရသွန်ပြိုင်ပွဲဟာ နောက်ဆုံးတော့ ပန်းတိုင်မြင်ခဲ့ရပြီ။ အခုကျွန်တော်က ခင်ဗျားတို့အားလုံးပေးခဲ့တဲ့ အရာတွေကိုပဲ ခံစားတော့မယ်” ဟု လတ်တလော YouTube ဗီဒီယိုတစ်ခုတွင် ယန်းကီက ပြောထားသည်။
Legendaddy သည် ၁၀ နှစ်တာကာလအတွင်း ဒက်ဒီယန်းကီ၏ ပထမဆုံးထွက်လာမည့် သီချင်းခွေဖြစ်ပြီး မတ် ၂၄ ရက်တွင်ထွက်ရန် စီစဉ်ထားသည်။
“ကျွန်တော်ဖြတ်သန်းခဲ့တဲ့ ၃၂ နှစ်တာ အတွေ့အကြုံတွေကို ဒီနောက်ဆုံး Legendaddy ဆိုတဲ့ အယ်လ်ဘမ်နဲ့ နှုတ်ဆက်ပါမယ်။ ကျွန်တော့်ကို ဖြစ်တည်စေခဲ့တဲ့ ပုံစံစတိုင်လ်အားလုံးကို ဒီအယ်လ်ဘမ်တစ်ခုတည်းနဲ့ ကျွန်တော့်ဘက်က ပြန်ပေးပါမယ်” ဟုလည်း ယန်းကီက ဆိုသည်။
ဒက်ဒီယန်းကီသည် La Ultima Vuelta အမည်ဖြင့် ကမ္ဘာလှည့်ဖျော်ဖြေကာ ပရိသတ်များကို နှုတ်ဆက်မည်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ်ရှိ ပေါ့တ်လန်းမြို့တွင် သြဂုတ် ၁၀ ရက်မှစတင်၍ ဒီဇင်ဘာတွင် အဆုံးသတ်မည်ဖြစ်သည်။
လက်မှတ်များကိုမူ မတ် ၃၀ ရက်တွင် စတင်ရောင်းချပေးမည်ဖြစ်ပြီး လာမည့်မတ် ၂၅ ရက်မှာပင် ကြိုတင်မှာယူနိုင်ပြီဖြစ်သည်။
Reggaeton ဘုရင်အဖြစ် နာမည်ကျော်သည့် ဒက်ဒီယန်းကီသည် Gasolina၊ Rompe၊ Limbo၊ Shaky Shaky၊ Dura၊ Despacito၊ Con Calma စသည့်သီချင်းများဖြင့် ကမ္ဘာကျော်ထားသူဖြစ်သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား