ကမ္ဘာလှည့်ဖျော်ဖြေရန် ဂျက်စတင်ဘီဘာ ရွေးချယ်ထားသည့်နေရာများထဲ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့နှင့် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တို့လည်း ပါဝင်နေပြီး ကွာလာလမ်ပူရှိ ဘူကစ်ဂျာလီအား ကစားကွင်းတွင် အောက်တိုဘာ ၂၂ ရက်၌၊ ဂျာကာတာရှိ ဂျီဘီကေမက်ဒရာအားကစားကွင်းတွင် နိုဝင်ဘာ ၃ ရက်၌ လာရောက်ဖျော်ဖြေပေးမည်ဖြစ်သည်။
ဘီဘာသည် Justice World Tour အမည်ဖြင့် ကမ္ဘာလှည့်ဖျော်ဖြေမှုများပြုလုပ်မည်ဖြစ်ပြီး မကြာမီ အခြားအာရှနိုင်ငံများတွင် ဖျော်ဖြေမည့်နေ့ရက်အချိန်များကိုလည်း ကြေညာသွားဖွယ်ရှိသည်။
ကွာလာလမ်ပူနှင့် ဂျာကာတာတွင် ဖျော်ဖြေပြီးပါက ဘီဘာသည် ဂျပန်သို့ဆက်လက်သွားရောက်မည်ဖြစ်ပြီး နိုဝင်ဘာ ၉ ရက်တွင် နာဂိုယာ၊ နိုဝင်ဘာ ၁၂ ရက်တွင် အိုဆာကာ၊ နိုဝင်ဘာ ၁၆ ရက်တွင် တိုကျိုတို့၌ တင်ဆက်ပေးသွားမည်ဖြစ်သည်။
ကွာလာလမ်ပူရှိုးပွဲလက်မှတ်များကို မတ် ၃၁ ရက် နံနက် ၁၁ နာရီတွင် www.golive-asia.com တွင် စတင်ဝယ်ယူနိုင်ပြီ ဖြစ်ပြီး လက်မှတ်စျေးနှုန်းမှာ ၂၈၈ ရင်းဂစ်မှ ၁၀၈၈ ရင်းဂစ်ကြား ကျသင့်မည်ဖြစ်သည်။
“ကျွန်တော် တင်ဆက်ခဲ့သမျှထဲ အကောင်းဆုံးရှိုးပွဲဖြစ်အောင်လို့ ကြိုးစားနေပါတယ်။ အဲဒါကို တစ်ကမ္ဘာလုံးက ပရိသတ်တွေ အားလုံးဆီ မျှဝေဖို့ အရမ်းလည်း ရင်ခုန်နေတယ်။ မကြာခင်တွေ့ကြမယ်” ဟု ဘီဘာက ကြေညာထားသည်။
Justice World Tour အစအဆုံး ကြာမြင့်နိုင်မည့်အချိန်က ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင်း နေ့ရက်ပေါင်း ၁၀၀ ကျော်ကြာ မြင့်မည်ဖြစ်ပြီး မြောက်အမေရိက၊ တောင်အမေရိက၊ ဗြိတိန်၊ သြစတြေးလျ၊ နယူးဇီလန်၊ တောင်အာဖရိက၊ အာရှနှင့် အရှေ့အလယ်ပိုင်းတို့တွင် ဘီဘာ၏ဖျော်ဖြေမှုများကို ခံစားရမည်ဖြစ်သည်။
အသက် ၂၈ နှစ်အရွယ်ဘီဘာက လက်ရှိမြောက်အမေရိကတွင် ဖျော်ဖြေနေလျက်ရှိပြီး ဇူလိုင်ကုန်တွင် ဥရောပသို့ခရီးဆက်တော့မည်ဖြစ်သည်။ Justice အမည်ဖြင့်ပင် ဘီဘာ က ၂၀၂၁ ခုနှစ် ဧပြီတွင် ခြောက်ခွေမြောက် စတူဒီယိုအယ်လ်ဘမ်ခွေထွက်ထားပြီး အခွေထဲတွင်ပါသည့် Anyone ၊ Lonely ၊ Holy နှင့် Peaches သီချင်းများက လူကြိုက်များခဲ့သည်။ ဘီဘာနောက်ဆုံးကမ္ဘာလှည့်ဖျော်ဖြေခဲ့သည့်အချိန်က ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ် ကဖြစ်ပြီး Purpose တေးအယ်လ်ဘမ်ပရိုမိုးရှင်းအဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ပရိသတ်များမျှော်လင့်နေသည့် Justice Tour ကို ၂၀၂၀ ခုနှစ် မတ်ကတည်းက စီစဉ်ထားခဲ့ပြီး ကပ်ရောဂါကြောင့် နောက်ဆုတ်ခဲ့ရသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား