
ကနေဒါ သရုပ်ဆောင် ကင်နူးရိဖ်က ဘုန်းတော်ကြီး ဒလိုင်းလားမား တည်ထောင်ထားသည့် အကျိုးမယူအဖွဲ့အစည်းကစီစဉ်ပြုလုပ်သော တိဘက်ဖျော်ဖြေပွဲတစ်ခုတွင်ပါဝင်ခဲ့ပြီးနောက် Tencent Video နှင့် iQiyi တို့အပါအဝင် တရုတ်ဗီဒီယိုပလက်ဖောင်းများ၌ ၎င်းပါဝင်သရုပ်ဆောင်ထားသောရုပ်ရှင်များနှင့် ဗီဒီယိုများကို ဖယ်ရှားခဲ့သည်ဟုသိရသည်။
ရိုက်တာသတင်းဌာန၏ ကြည့်ရှုစစ်ဆေးမှုအရ ဖယ်ရှားခံရသော ရုပ်ရှင်များတွင် ကင်နူးရိဖ်ပါဝင်သော Matrix နှင့် John Wick ဇာတ်လမ်းများနှင့် Speed တို့ပါဝင်သည်ဟု ဆိုသည်။
ကင်နူးရိဖ်၏ ရုပ်ရှင်များကို ဖယ်ရှားနေကြောင်း မတ် ၂၄ ရက်က ပထမဆုံးသတင်း ထုတ်ပြန်ခဲ့သည့် The Los Angeles Times ၏ အဆိုအရ Tencent Video မှ ရိဖ်၏ရုပ်ရှင် ဇာတ်လမ်းအနည်းဆုံး ၁၉ ကားထက်မနည်း ဖယ်ရှားလိုက်သည်ဟု ဆိုသည်။
Matrix ရုပ်ရှင်ဇာတ်လမ်းများနှင့်ရိဖ် ၏အခြားအနုပညာ လှုပ်ရှားမှုအချို့ကို We Chat တွင် ဆက်လက်ရှာဖွေနိုင်သေးသော်လည်း တရုတ်၏ အသုံးများသော စာပို့စနစ်တွင် ရိဖ်၏ အင်္ဂလိပ်အမည်နှင့် တရုတ်ဘာသာပြန်ဆိုမှုစကားလုံးများဖြင့် ရှာဖွေမှုများ၌ ရလဒ်များထွက်ရှိလာခြင်းမရှိပေ။
Tencent Video နှင့် We Chat တို့၏ မိခင်ကုမ္ပဏီ iQiyi နှင့် Tencent လုပ်ငန်းစုများက ယင်းနှင့်ပတ်သတ်၍ တစ်စုံတစ်ရာ မှတ်ချက်ပြုပြောကြားခြင်းမရှိပေ။ထို့ပြင် ရိဖ်၏ ပြောရေးဆိုခွင့်ရှိသူကလည်း ယင်းနှင့်ပတ်သက်၍ မှတ်ချက်ပြုပြောကြားခြင်းမရှိပေ။
တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား၏ တောင်းဆိုချက်ဖြင့် တည်ထောင်ထားသည့် နယူးယောက်အခြေစိုက် အကျိုးမယူပရဟိတ အဖွဲ့ Tibet House US က ဦးဆောင်၍ မတ် ၃ ရက်တွင် ပြုလုပ်သည့်ဖျော်ဖြေပွဲ၌ ရိဖ်ပါဝင်ရန် စီစဉ်ထားသည်ဟူသည့်သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် ဇန်နဝါရီလကုန်ပိုင်း၌ တရုတ်လူမှုမီဒီယာအသုံးပြုသူများက ရိဖ်ကို ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်ခဲ့ကြပြီး အချို့ကမူ တရုတ်တွင် ၎င်း၏အနုပညာလှုပ်ရှားမှုများကို သပိတ်မှောက်ရန် တောင်းဆိုခဲ့ကြသည်။
ရိဖ်သည် COVID-19 ကူးစက်ပျံ့နှံ့မှုများမဖြစ်စေရန် ရည်ရွယ်ပြဋ္ဌာန်းထားသည့် တားမြစ်ချက်များကြောင့် အွန်လိုင်းမှပြုလုပ်သည့် ယင်းဖျော်ဖြေပွဲတွင်ပါဝင်ခဲ့ပြီးနောက် ဝေဖန်မှုများပိုမိုရရှိခဲ့သည်။ တရုတ်အစိုးရက ဘုန်းတော်ကြီးဒလိုင်းလားမားအား တိဘက်ဒေသကိုခွဲထွက်ရန်လှုံ့ဆော်ပေးနေသည်ဟု စွပ်စွဲပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်