နာမည်ကျော် ကိုရီးယားဒရာမာဇာတ်လမ်းတွဲ Itaewon Class ပရိသတ်များအနေဖြင့် ယင်းဒရာမာ ဇာတ်လမ်းတွဲအား ဂျပန်ဇာတ်လမ်းတွဲအဖြစ် မကြာမီ ကြည့်ရှုနိုင်တော့မည်ဖြစ်သည်။
Itaewon Class အားပြန်လည် ဆန်းသစ်ရိုက်ကူးရန် Kakao Entertainment ၊ Kross Picture နှင့်အဓိက ဂျပန်ရုပ်သံဌာနတို့နှင့်အတူပူးပေါင်းလုပ်ဆောင်နေသည်ဟု ကိုရီးယားရုပ်သံကွန်ရက် JTBC ကမတ် ၂၄ ရက်တွင် အတည်ပြုခဲ့သည်။
ဂျပန်ဗားရှင်းအဖြစ် မြင်တွေ့ရမည့် ယင်းဇာတ်လမ်းတွဲ၏အမည်ကို Itaewon Class ဟုပေးရန် လျာထားပြီး အပိုင်း ၁၃ ပိုင်းပါဝင်သည့် ယင်းဇာတ်လမ်းတွဲကို ယခုနွေရာသီတွင် ဂျပန်နိုင်ငံ၌ထုတ်လွှင့်ပြသရန် မျှော်မှန်းထားသည်ဟု Korea Joong Ang Daily ၌ ဖော်ပြထားသည်။
ယင်းဇာတ်လမ်းတွဲတွင်ထိပ်သီးဂျပန်သရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်သွားမည်ဟု Soompi အနုပညာသတင်းတွင်ဆိုသည်။
မူလကိုရီးယားဇာတ်လမ်းတွဲသည် ဂျပန်နိုင်ငံတွင် လူကြိုက်များခဲ့ပြီးနောက် ယင်း Roppongi Class အမည်ဖြင့် webtoon တစ်ခုကို ပထမဆုံး ထုတ်လွှင့်သွားမည်ဟုဆိုသည်။
မူလကိုရီးယားဗားရှင်း Itaewon Class တွင်ပက်ဆိုဂျွန်းနှင့်ကင်ဒါမီတို့ကဲ့သို့ နာမည်ကျော်ကိုရီးယား အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားသည်။
ယင်းဇာတ်လမ်းတွဲသည်နာမည်ကျော် webtoon တစ်ခုကိုအခြေခံ၍ ရိုက်ကူးထားခြင်းဖြစ်ပြီးထို ဇာတ်လမ်းတွဲသည် ဆိုးလ်မြို့လယ်ရှိ Itaewon တွင်စားသောက်ဆိုင် တစ်ဆိုင်ဖွင့်ရန် ကြိုးပမ်းနေသည့် ဇာတ်ကောင်နှစ်ဦး၏အကြောင်းကို ရိုက်ကူးထားခြင်းဖြစ်သည်။
ယင်းဇာတ်လမ်းတွဲသည် JTBC ရုပ်သံဇာတ်လမ်းတွဲအားလုံးတွင် ကြည့်ရှုမှုနှုန်း၌ နံပါတ် ၃ နေရာတွင် ရပ်တည်နေပြီးအခြားအာရှနိုင်ငံများတွင်လည်း လူကြိုက်များခဲ့ကာ Netflix ဂျပန်၏ လူကြည့်အများဆုံး ထိပ်ဆုံးရုပ်ရှင် ၁၀ ခုတွင် နံပါတ် ၁ နေရာ၌ ရပ်တည်နေသည်။
ထို့ပြင် Itaewon Class သည် ၂၀၂၁ ခုနှစ်တွင် ပြုလုပ်သည့် ၂၅ ကြိမ်မြောက် အာရှရုပ်မြင်သံကြားဆုပေးပွဲတွင် အကောင်းဆုံးရုပ်သံဇာတ်လမ်းတွဲဆု ရရှိခဲ့သည်။
Something In The Rain ဟု လူသိများသည့် Pretty Noona Who Buys Me Food ဇာတ်လမ်းတွဲကိုလည်း အိန္ဒိယက ပြန်လည်ဆန်းသစ်ရိုက်ကူးသွားမည့်အကြောင်း JTBC ကမကြာသေးမီက အတည်ပြုထားသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား