အမေရိကန် သရုပ်ဆောင်စကားလက် ဂျိုဟန်ဆင်က မက်ဟန်တန်အရပ်ရှိ ၎င်း၏အပေါ်ဆုံးထပ် ဇိမ်ခံတိုက်ခန်းကို အရှုံးခံရောင်းချခဲ့သည်ဟု သိရသည်။
အသက် ၃၇ နှစ်အရွယ် စကားလက်သည် ၂၀၀၈ ခုနှစ်က အခန်း နှစ်ခန်းပါပြီး၊ ရေချိုးခန်းနှစ်ခန်းပါ သည့်ယင်းဇိမ်ခံတိုက်ခန်းကို ဒေါ်လာ ၂.၁ သန်းဖြင့်ဝယ်ယူခဲ့သော်လည်း လက်ရှိတွင် သူသည်ထိုဇိမ်ခံ တိုက်ခန်းအား ဒေါ်လာ ၁.၈၇ သန်း ဖြင့် ရောင်းချခဲ့သည်ဟု New York Post သတင်းစာတွင်ဖော်ပြခဲ့သည်။
စကားလက်သည် ယင်းဇိမ်ခံတိုက်ခန်းကို လွန်ခဲ့သည့်နှစ်နှစ်နီးပါးက စျေးကွက်တင်ရောင်းချခဲ့ပြီး ယင်းတိုက်ခန်းအား အခကြေးငွေ မြင့်မားစွာဖြင့် ပြန်လည်ပြုပြင်မွမ်းမံခဲ့သော်လည်း စျေးနှုန်းလျှော့၍ ရောင်းချရန် သဘောတူညီခဲ့သည်။
ကမ္ဘာ့အနုပညာကြေးအမြင့်ဆုံး စကားလက်သည် ၂၀၂၀ ခုနှစ် ဇူလိုင်လက ယင်းဇိမ်ခံတိုက်ခန်းကို ဒေါ်လာ ၂.၅ သန်းဖြင့်ရောင်းချရန် ပထမဆုံးစာရင်းသွင်းခဲ့သည်။
သို့သော် ဒီဇင်ဘာလတွင်ယင်း ဇိမ်ခံတိုက်ခန်း၏ခေါ်စျေးကို ဒေါ်လာ ၁.၈၉ သန်းအထိ လျှော့ချရန်ဆုံး ဖြတ်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ယင်းဇိမ်ခံတိုက်ခန်းအား တစ်လလျှင်ဒေါ်လာ ၆,၅၀၀ ဖြင့် ငှားရမ်းမည်ဟုလည်း စာရင်းသွင်းခဲ့သည်။
ယင်းဇိမ်ခံတိုက်ခန်းသည် နယူးယောက်မြို့ရှိ East River ကို အပေါ်စီးမှမြင်တွေ့နိုင်ပြီး ရှုခင်းကောင်းမွန်သော်လည်း အစောပိုင်းတွင်လေလံဆွဲသူများကို ဆွဲဆောင်နိုင်ခြင်းမရှိခဲ့သောကြောင့် စကားလက်အား စျေးလျှော့ရောင်းချရန် ဆုံးဖြတ်စေခဲ့သည်။
စကားလက်သည် နယူးယောက်စီးတီးတွင် မွေးဖွားသူဖြစ်ပြီး မကြာသေးမီ နှစ်များအတွင်း ဥရောပတွင် အလုပ်လုပ်ကိုင်ကာ အနေများသော်လည်း မိမိကိုယ်ကို နယူးယောက်သူဟု အမြဲယူဆထားသူဖြစ်သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား