
မတ် ၂၇ ရက်က ကျင်းပသည့် အော်စကာဆုပေးပွဲအခမ်းအနားတွင် အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆု ဆန်ခါတင်စာရင်းဝင် မင်းသားဝီလ်စမစ်က ၎င်း၏ဇနီးဖြစ်သူ၏ ပုံပန်းသွင်ပြင်ကို ပေါ့ပေါ့တန်တန် ဟာသလုပ်ပြောဆိုနေသည့် အစီအစဉ်တင်ဆက်သူ ခရစ်ရော့ခ်အား စင်ပေါ်တက်၍ ပါးရိုက်ခဲ့သည်ဟု သိရသည်။
ယင်းဖြစ်စဉ်ပြီးနောက် မိနစ်ပိုင်းအကြာ၌ King Richard ဇာတ်ကောင်ဖြင့် အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကို လက်ခံရရှိချိန်တွင် စမစ်က ၎င်း၏အပြုအမူအတွက် အော်စကာဆုချီးမြှင့်သည့် Academy of Motion Pictures Arts and Sciences နှင့် ပွဲတက်လာသူများကို တောင်းပန်စကားပြောကြားခဲ့သော်လည်း ရော့ခ်ကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။
စမစ်နှင့် ရော့ခ်ကြားဖြစ်ပွားသည့် ယင်းအဖြစ်အပျက်ကို အစပိုင်း၌ ဇာတ်တိုက်ထားကြသည်ဟု ဆုပေးပွဲတက်ရောက်လာသူများက ထင်မြင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် စမစ်က ဒေါသတကြီး အော်ဟစ်ပြောဆိုနေခဲ့သည့်အတွက် ထိုအဖြစ်အပျက်မှာ ဇာတ်တိုက်ထားခြင်းမဟုတ်ဟု သိရှိခဲ့ကြသည်။
အမေရိကန်တွင် အော်စကာဆုပေးပွဲမှ အသံထုတ်လွှင့်မှုသည် စက္ကန့်အနည်းငယ်နှောင့်နှေးခဲ့ပြီး ယင်းသည် စကားအသုံးအနှုန်း ကြောင့်ကြည့်ရှုသူများအတွက် တိုက်ရိုက်ထုတ်လွှင့်နေမှုမှ ဖြတ်ချခဲ့ဟန်ရှိနေသည်။
အစီအစဉ်တင်ဆက်သူ ရော့ခ်က စမစ်၏ဇနီးသည် ဂျာဒါပင့်ကက်စမစ်အား “ဂျာဒါ ကျွန်တော်ခင်ဗျားကို ချစ်ပါတယ်။ GI Jane II ကို ကြည့်ဖို့မစောင့်နိုင်တော့ဘူး” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
၁၉၉၇ ခုနှစ်က ထွက်ရှိခဲ့သည့် GI Jane ဆိုသည့်ရုပ်ရှင်တွင် သရုပ်ဆောင်ဒေမီမိုးက ခေါင်းတုံးတုံးခဲ့သည့် ဇာတ်ဝင်ခန်းကို ရည်ညွှန်း၍ ဆံပင်ကျွတ်သည့်ရောဂါခံစားနေရခြင်းကြောင့် ဆံပင်မရှိသည့် ဂျာဒါအား ရော့ခ်က စနောက်ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့ပြောကြားခဲ့ပြီးနောက် ခေတ္တမျှအကြာတွင် စမစ်က စင်ပေါ်ရှိ ရော့ခ်ထံသို့ သွားရောက်၍ ရော့ခ်အား ပါးရိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းဆုပေးပွဲတွင် အကောင်းဆုံးရုပ်ရှင်ဆုကို CODA ကရရှိခဲ့ပြီး အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကို ဝီလ်စမစ်ကရရှိခဲ့ကာ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကို The Eyes of Tammy Faye မှ မင်းသမီး ဂျက်ဆီကာချက်စ်တိန်းက ရရှိခဲ့သည်။
အကောင်းဆုံး ဇာတ်ဝင်တေးဆုကို အဆိုတော် ဘီလီအိုင်းလစ်ရှ်၏ No Time To Die သီချင်းက ရရှိခဲ့ပြီး အကောင်းဆုံး အန်နီမေးရှင်းဇာတ်ကားဆုကိုတော့ Encanto ကရရှိခဲ့ပြီး နယ်ပယ်အသီးသီးက ထူးချွန်ဆုပေါင်းများစွာကိုလည်း ပေးအပ်ချီးမြှင့်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်