
ဗြိတိန်မင်းသား ဘန်နီဒစ် ကျူဘာဘက် ပြန်လည်ပါဝင်သည့်Doctor Strange ရုပ်ရှင် နောက်ဆက်တွဲ ဇာတ်လမ်းကို လွန်ခဲ့သည့် သီတင်းပတ်ကုန်တွင် ရုံတင်ပြသခဲ့ရာလက်ရှိတွင် ပြည်တွင်း၌ ဒေါ်လာ ၂၉၂ သန်းဝင်ငွေ ရရှိထားပြီး ပြည်ပတွင် ဒေါ်လာ ၃၉၆ သန်းဝင် ငွေရရှိထားကာ ကမ္ဘာတစ်ဝန်းစုစုပေါင်းဝင် ငွေ ဒေါ်လာ ၆၈၈ သန်းရရှိထားသည်ဟု သိရသည်။
ဝင်ငွေဒေါ်လာ ၆.၉ သန်းဖြင့် ဒုတိယ နေရာ၌ ရပ်တည်နေသော ရုပ်ရှင်မှာ Universal ၏ အန်နီမေးရှင်းအက်ရှင်-ဟာသကားဖြစ်သည့် Bad Guys ဖြစ်သည်။
The Dream Works Animation ထုတ်လုပ်ရေးမှ ရိုက်ကူးသည့် Bad Guys တွင် ဆမ်ရော့ခ်ဝဲလ်၊ အော်ဝါဖီနာနှင့်အန်သို နီရာမိုစ့်တို့က အသံသရုပ်ဆောင်များအဖြစ် ပါဝင်ထားသည်။
သီတင်းနှစ်ပတ်တာအတွင်း တတိယနေရာတွင် ရပ်တည်နေသော ရုပ်ရှင်မှာ Paramount ၏ Sonic the Hedgehog 2 ဖြစ်ပြီး ၎င်း၏ဝင်ငွေမှာ ဒေါ်လာ ၄.၆ သန်းဖြစ်သည်။
စာရေးဆရာ စတီဗင်ကင်း၏ချောက် ချားထိတ်လန့်ဖွယ်ဝတ္ထုကို အခြေခံရိုက်ကူးထားသည့် Universal မှ အသစ်ထွက်ရှိလာသော Firestarter သည် ဒေါ်လာ ၃.၈ သန်း ဝင်ငွေရရှိခဲ့ပြီး အဓိကစတူဒီယိုဖြစ်သည့် Universal ၏ ချောက်ချားဖွယ်ဇာတ်ကား တစ်ကားအတွက် စိတ်ပျက်ဖွယ်အဖွင့်ရလဒ် တစ်ခု ဖြစ်လာခဲ့သည်။
Firestarter ရုပ်ရှင်တွင် မင်းသားဇက် အက်ဖရွန်နှင့် မင်းသမီး ဆစ်ဒနီလမ်မွန်တို့က စိတ်ဖြင့် မီးတောက်များဖန်တီးနိုင်စွမ်းရှိသော သမီးဖြစ်သူ ရိုင်ယန်ကီရာအမ်းစတောင်းကို ဖက်ဒရယ်အေးဂျင့်များက အသုံးချလိုသောကြောင့် ၎င်းတို့ထံမှ ဖွက်ထားရန် ကြိုးပမ်းပုံကို ရိုက်ကူးထားခြင်းဖြစ်သည်။
ယင်းရုပ်ရှင်သည် ရုပ်ရှင်အကဲဖြတ် ဝက်ဘ်ဆိုက်ဖြစ်သည့် Rotten Tomatoes ၌ စိတ်ပျက်ဖွယ် ၁၂ ရာခိုင်နှုန်းအဆင့်သတ် မှတ်ချက် ရရှိခဲ့သည်။
Doctor Strange in the Multiuniverse of Madness ရုပ်ရှင်သည် ကမ္ဘာတစ်ဝန်း ဝင်ငွေဒေါ်လာ ၆၈၈ သန်းရရှိထားသည့် အတွက် မူလ Doctor Strange ဇာတ်ကား၏ ဝင်ငွေ ဒေါ်လာ ၆၇၈ သန်းထက်ပိုမိုသာလွန် စွာ ရရှိထားသည်။
ယင်းရုပ်ရှင်ကို ကမ္ဘာ့အကြီးဆုံးရုပ်ရှင် စျေးကွက်ဖြစ်သည့် တရုတ်တွင် ရုံတင်ပြသခြင်းမရှိသေးသည့်အပြင် ရုံတင်ပြသမည့်ရက်ကိုလည်း တရားဝင်ထုတ်ပြန်ထားခြင်းမရှိပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်