
၂၀၂၂ ခုနှစ်အတွက် အီတလီနိုင်ငံ မြောက်ပိုင်းတူရင်မြို့တွင် Eurovision ခေါ် ဥရောပ၏ အကြီးကျယ်ဆုံးသီချင်းဆိုပြိုင်ပွဲ ကြီး ကျင်းပနေစဉ်အတောအတွင်း ရုရှားအစိုးရ လိုလားသည့် ဟက်ကာသမားများက ပြိုင်ပွဲအတွက်မဲပေးမှုကို ကဖျက်ကယက်လုပ်ရန် ကြိုးပမ်းခဲ့သည်ဟု အီတလီရဲတပ်ဖွဲ့က ပြောကြားထားသည်။
အီတလီရဲတပ်ဖွဲ့ထုတ်ဖော်ကြေညာချက်အရ Killent ဟု ခေါ်သည့် ဟက်ကာ အုပ်စုက ယူကရိန်းနိုင်ငံကိုယ်စားပြုအဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပထမဆီမီးဖိုင်နယ်ပွဲနှင့် မေလ ၁၄ ရက်က ဗိုလ်လုပွဲကို ပစ်မှတ်ထား နှောင့်ယှက်ခဲ့ခြင်းဖြစ်သည်။
သို့သော် အီတလီဆိုက်ဘာလုံခြုံရေး ဌာနက ထိုသို့နှောင့်ယှက်မှုများကို ဟန့်တားနိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။
ဒိုင်အဖွဲ့ကပေးသည့်အမှတ်နှင့် ပရိသတ်ပေးသည့်အမှတ်တို့ ပေါင်းပြီး ယူကရိန်း ကိုယ်စားပြုအဖွဲ့ Kalush Orchestra က ဗိုလ်စွဲသွားပြီး ဗိုလ်လုပွဲမတိုင်မီကတည်းက ၎င်းရက်ပ်အဖွဲ့သည် Winner အဖြစ် တစ် ပေးခံခဲ့ရသည်။ ၎င်းအဖွဲ့၏ပြိုင်ပွဲသီချင်း Steaania သည် ဟစ်ဟော့ပ်နှင့် ရိုးရာယူကရိန်းဂီတကို ပေါင်းစပ်ထားပြီး ယူကရိန်းကို ရုရှားကမကျူးကျော်မီ ရေးစပ်ထားသည့် သီချင်းဖြစ်သည်။
Kalush Orchestra သည် ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် အစိုးရ၏ အထူးခွင့်ပြုချက်ရပြီးမှ သွားပြိုင်ခဲ့ခြင်းဖြစ်သည်။ ရုရှား-ယူကရိန်းစစ်ပွဲစတင်ချိန်မှစ၍ ၎င်းအဖွဲ့သည် ရုရှားရန်ကိုယူကရိန်းတို့ခုခံနေမှုအပေါ်ထောက်ခံဖော်ပြမှုများ ဆိုရှယ်မီဒီယာတွင် ပြုလုပ်လာခဲ့သည်။
တင်ဆက်မှုအဆုံးတွင် ၎င်းအဖွဲ့က ကျေးဇူးပြုပြီး ယူကရိန်းကိုကူညီပါဟု မေတ္တာ ရပ်ခံသွားခဲ့သည်။ထူးထူးခြားခြားအနေဖြင့် ဗြိတိန်ကိုယ်စားပြုယှဉ်ပြိုင်သည့် ဆမ်ရိုင်ဒါက ဒုတိယရခဲ့ပြီး ၁၉၉၈ ခုနှစ်နောက်ပိုင်း ဗြိတိန် အတွက်အကောင်းဆုံးရလဒ်ဟုဆိုရမည်။ ၂၀၁၉ နှင့် ၂၀၂၁ ခုနှစ်ပြိုင်ပွဲများတွင် ဗြိတိန် က ဘိတ်ဆုံးနေရာသာရခဲ့သည်။
ယခုနှစ်ပြိုင်ပွဲ၏ တတိယနေရာကို စပိန် ၊ စတုတ္ထနေရာကို ဆွီဒင်၊ ပဥ္စမနေရာကို ဆားဘီးယားနိုင်ငံတို့က ရယူခဲ့သည်။ရုရှားနိုင်ငံ ကမူ ယခုနှစ်တွင် ဝင်ပြိုင်ခွင့်မရခဲ့ပေ။
Winner နိုင်ငံက၂၀၂၃ ပြိုင်ပွဲကို အိမ်ရှင်အဖြစ်ကျင်းပရမည်ဖြစ်ပြီး ယူကရိန်းက ထိုသို့ကျင်းပနိုင်၊မနိုင် သံသယရှိနေကြသည်။သို့သော်ယူကရိန်းသမ္မတက အတတ်နိုင်ဆုံး ကြိုးစားကျင်းပမည်ဟု ကတိပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်