
မေ ၁၇ ရက်က ကိန်းရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ယူကရိန်းသမ္မတဗိုလိုဒီ မာဇယ်လန်စကီးက ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်း ပြောကြားသွားခဲ့သည်။
“ရုပ်ရှင်လောကက နှုတ်ဆိတ်နေမှာလား။ အာဏာရှင်ဆိုတာရှိလာရင်၊ လွတ်မြောက်ရေးစစ်ပွဲဆိုတာလည်း ရှိလာရင် အားလုံးဟာ ကျွန်ုပ်တို့ရဲ့ စည်းလုံးညီညွတ်ခြင်း အပေါ်မှာပဲ မူတည်ပါတယ်။ ရုပ်ရှင်လောကဟာ အဲဒီစည်းလုံးမှုရဲ့အပြင်မှာ ခွဲထွက်ပြီး နေနိုင်သလား” ဟု သမ္မတဇယ်လန်စကီးက ယူကရိန်းနိုင်ငံ ကိဗ်မြို့မှ ဗီဒီယိုဖြင့် မိန့်ခွန်း ပြောကြားခဲ့သည်။
“ ဒီနေ့ခေတ်ရဲ့ ရုပ်ရှင်လောကဟာ ရေငုံနှုတ်ပိတ်နေမှာမဟုတ်ဘူးဆိုတာကို သက်သေပြဖို့ နောက်ထပ် ချာလီချက်ပလင်တစ်ဦးလိုနေပါတယ်” ဟုလည်း ဇယ်လန်စကီးက ပြောကြားခဲ့သည်။
၁၉၄၀ ခုနှစ်က နာဇီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာကို လှောင်ထားသည့် The Great Dictator အမည်ရှိ ရုပ်ရှင်ကို ချာလီချက်ပလင်က ဒါရိုက်တာလုပ်ရိုက်ကူး ခဲ့ပြီး ဒုတိယကမ္ဘာစစ်ကာလအတွင်း ရုပ်ရှင် လောက၏စွမ်းအားကို ဇယ်လန်စကီးက ရည်ညွှန်းပြောလိုက်ခြင်းဖြစ်သည်။
ယူကရိန်းသမ္မတ၏မိန့်ခွန်းသည် လူအုပ်၏ မတ်တပ်ရပ်လက်ခုပ်သြဘာများရရှိခဲ့သည်။ သူသည် ပြီးခဲ့သည့်လက ကျင်းပသည့် ဂရမ်မီဆုပေးပွဲတွင်လည်းအလားတူ ပုံစံဖြင့် မိန့်ခွန်းပြောခဲ့သည်။
မေ ၁၇ ရက်မှ ၂၈ ရက်အထိကြာမြင့်မည့် ကိန်းရုပ်ရှင်ပွဲတော်၏ ဖွင့်ပွဲအခမ်းအနားတွင် အကဲဖြတ်ဒိုင်အဖွဲ့ကို မိတ်ဆက်ပေးသွားခဲ့ပြီး သရုပ်ဆောင်နှင့် ငြိမ်းချမ်းရေးတက်ကြွ လှုပ်ရှားသူ ဖောရတ်စ်ဝစ်တကာကို တစ်သက် တာထူးချွန်မှု ဂုဏ်ထူးဆောင် Palme d’Or ဆုချီးမြှင့်ခဲ့သည်။
ရုပ်ရှင်ပွဲတော်ကိုဇွန်ဘီဇာတ်ကား Final Cut ဖြင့် ဖွင့်လှစ်ခဲ့ပြီး ပွဲတော်ကာလအတွင်း တွမ်ခရုစ်၏ Top Gun: Ma အက်ရှင်ကားနှင့် အဆိုတော် အဲလ်ဗစ်ပရက်စလေ အတ္ထုပ္ပတ္တိဇာတ်ကား Elvis တို့ ပါဝင်ပြ သမည်ဖြစ် သည်။ Squid Game သရုပ်ဆောင် Lee Jung-jae ၏ Hunt အမည်ရှိဇာတ်ကားလည်း ပွဲဦးထွက်ပြသမည်ဖြစ်သည်။
ယခုနှစ်ကိန်းရုပ်ရှင်ပွဲတော်တွင် ရုရှား ကိုယ်စားလှယ်အဖွဲ့ကို တက်ရောက်ခွင့် တားမြစ်ထားပြီး လစ်သူရေးနီးယားဒါရိုက်တာမန်း တက်စ် ကဗက်ဒါရာဗစ်ချက်စ်၏ အမည်ရှိဇာတ်ကားကိုအထူးပြသမည်ဖြစ် သည်။ ကဗက်ဒါရာဗစ်ချက်စ်သည် ယူကရိန်းနိုင်ငံရှိ ဗုံးဒဏ်သင့် မာရီယူပိုးလ်မြို့တွင် ထိုဇာတ်ကားအတွက် ပြင်ဆင်ရင်း သေဆုံးခဲ့ပြီး သူ့ဇနီးလောင်းက ဇာတ်ကားပြီးအောင် တာဝန်ယူခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်