
ပြင်သစ်တွင် ကျင်းပနေသည့် ၇၅ ကြိမ် မြောက် ကိန်းရုပ်ရှင်ပွဲတော်တွင် အက်ရှင်မင်းသားတွမ်ခရုစ်က ဂုဏ်ထူးဆောင် Palme d’Or ဆုကိုလက်ခံရယူခဲ့သည်။
တွမ်ခရုစ်သည် သူ့ဇာတ်ကား Top Gun : Maverick ကို ရုပ်ရှင်ပွဲတော်တွင် ပွဲဦးထွက်ပြသရန် မေလ ၁၈ ရက်က ပွဲတော်ကျင်းပရာနေရာသို့ ရောက်လာခဲ့ပြီး ၊ အနှစ် ၃၀ အတွင်း ကိန်းရုပ်ရှင်ပွဲတော်သို့ ပထမဆုံး အကြိမ် တက်ရောက်လာခြင်းဖြစ်သည်။
ထိုနေ့ကကောင်းကင်ယံတွင် ပြင်သစ် လေတပ်လေယာဉ်များကလည်း အလှပြပျံသန်းမှုများ ပြုလုပ်ခဲ့သည်။
၁၉၈၆ Top Gun ရုပ်ရှင်၏ နောက်ဆက်တွဲဇာတ်လမ်းဖြစ်သည့် Top Gun : Maverick ကို၂၀၂၀ ခုနှစ်ကိန်းရုပ်ရှင်ပွဲတော်တွင် ပြသရန်စီစဉ်ခဲ့ပြီးမှ ကိုဗစ်ကပ်ရောဂါကြောင့် ရုပ်ရှင်ပွဲတော်မကျင်းပဖြစ်ခဲ့ပေ။ ရုံတင်ပြသရန် ၂၀၂၀ ကတည်းက ကြိုးစားခဲ့ကြသော်လည်း အကြိမ်ကြိမ်ရွှေ့ဆိုင်းဖြစ်ခဲ့ပြီး ယခုမေလနှောင်းပိုင်းတွင် ရုံတင်ပြသတော့မည်ဖြစ်သည်။
ပရိသတ်များ မျှော်တလင့်လင့်ဖြစ်နေသည့် ထိုဇာတ်ကားတွင် တွမ်ခရုစ်ကို ရေတပ် လေယာဉ်မှူးအဖြစ် မြင်တွေ့ရမည်။
ခရုစ်သည် ရုပ်ရှင်ရုံများကို နဂိုအခြေအ နေအတိုင်း ပြန်မြင်တွေ့ရန် အားခဲထားသူဖြစ်ပြီး Top Gun : Maverick ကို streaming ပြသရန် ဘယ်တုန်းကမှမစဉ်းစားခဲ့ဖူးဟု ဆိုသည်။
“ကျွန်တော် ဇာတ်ကားတွေရိုက်တာဟာ ရုံတင်ဖို့ပါ။ ရုပ်ရှင်ရုံကို ကျွန်တော်ကြိုက်တယ် ။ဇာတ်ကားတွေရုံတင်ရင်လည်း ကျွန်တော် အမြဲရုံသွားကြည့်တယ်။ဦးထုပ်ဆောင်းပြီး ပရိသတ်တွေကြားထဲရောပြီးတော့ပေါ့” ဟု ခရုစ်က ကိန်းရုပ်ရှင်ပွဲတော်ပရိသတ်များ အားပြောသည်။
တွမ်ခရုစ်သည် ၁၉၉၂ ခုနှစ်က Far and Away ဇာတ်ကား ပွဲဦးထွက်ပြသရန် ကိန်းရုပ်ရှင်ပွဲတော်သို့ နောက်ဆုံးအကြိမ် တက်ရောက်ထားသည်။သူနှင့်အတူ ဇနီးဟောင်း နစ်ကိုးကစ်ဒမန်းလည်း အတူတက်ခဲ့ သည်။ခရုစ်သည် ထိုခေတ်အခါက ဟောလိဝုဒ်၏နာမည်အကြီးဆုံးစတားတစ်ဦးဖြစ်ပြီး ယခုနှစ်တွင် အသက် ၆၀ ပြည့်တော့မည့်တိုင် ကျော်ကြားမှုက လျော့မသွားသေးပေ။
သူသည် အန္တရာယ်ရှိသည့်စတန့်ပြကွက်များကို ကိုယ်တိုင်သရုပ်ဆောင်လေ့ရှိပြီး Mission Impossible 7 တွင် ခရုစ်၏ အန္တရာယ်အများဆုံး ဇာတ်ဝင်ခန်းများကို ရင်ခုန်ဖွယ် ကြည့်ရှုရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်