
၎င်း၏ကိုယ်ပိုင်စတန့်များဖြင့် လူသိများထင်ရှားသည့် The Top Gun : Maverick မင်းသား တွမ်ခရုစ်က သူသည် အသက်လေးနှစ်အရွယ်တွင် ခေါင်မိုးပေါ်က ခုန်ချခဲ့ကြောင်းနှင့် ၎င်း၏ သက်စွန့်ဆံဖျားလုပ်ဆောင်လိုသော အလေ့အကျင့်သည် အလွန်ငယ်သည့် အရွယ်ကတည်းက ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု ဝန်ခံပြောကြားခဲ့သည်။
ကိန်းရုပ်ရှင်ပွဲတော်တွင် Top Gun : Maverick ရုပ်ရှင်နှင့်ပတ်သက်၍ ဆွေးနွေးမှုအတွင်း ၎င်းက “ကျွန်တော် လေးနှစ်ခွဲလောက်က ထင်ပါတယ်။ ကျွန်တော့်မှာ အရုပ်တစ်ရုပ်ရှိခဲ့တယ်။ အဲ့ဒီအရုပ်ကို လေထဲပစ်လိုက်ရင် လေထီးလေးနဲ့ ဆင်းလာတဲ့အရုပ်လေးပါ။ ကျွန်တော် ဒီအရုပ်နဲ့ ဆော့ကစားနေခဲ့ပါတယ်။ ကျွန်တော် အဲ့ဒီအရုပ်ကို သစ်ပင်ပေါ်က ပစ်ချလိုက်ပြီး ကျွန်တော်လည်း အဲ့ဒီအရုပ်လို လုပ်ချင်စိတ်ပေါ်လာခဲ့ပါတယ်”ဟု မေ ၁၈ ရက် တွင် ပြောကြားခဲ့သည်။
“ကျွန်တော်မှတ်မိပါသေးတယ်။ ကျွန်တော့်အိပ်ရာခင်းကြီးကိုဆွဲယူပြီး ကြိုးတစ်ကြိုး နဲ့ချည်ကာ တံစက်မြိတ်ကနေ ခေါင်မိုးပေါ်ကို တက်ခဲ့ပါတယ်။ အမေ့ကို လှမ်းကြည့်တော့ အမေက မီးဖိုထဲမှာရှိနေတာနဲ့ ကျွန်တော် ခေါင်မိုးပေါ်ကနေ ခုန်ချလိုက်ပါတယ်” ဟု တွမ်ခရုစ်က ပြောကြားခဲ့သည်။
ဆက်လက်ပြီး တွမ်ခရုစ်က “ကျွန်တော် ခေါင်မိုးပေါ်က ခုန်ချလိုက်ပေမဲ့ အလုပ်မဖြစ်ပါဘူး။ ကျွန်တော် သေတော့မလိုဖြစ်သွားပါတယ်။ မြေကြီးနဲ့ ဆိုးဆိုးရွားရွားခိုက်မိခဲ့ပေမဲ့ ကံကောင်းတာက မြေကြီးက စိုစွတ်နေပါ တယ်။ ကျွန်တော့်မျက်နှာလည်း တော်တော် စုတ်ပြတ်သွားခဲ့ပြီး ဒါကတော့ ပထမဆုံးအကြိမ် နေ့ခင်းဘက် ကြယ်တွေမြင်ခဲ့ရတာပဲဖြစ် ပါတယ်။ ကျွန်တော်မှတ်မိနေသေးတယ်။ ဒါက အတော်စိတ်ဝင်စားဖို့ကောင်းတယ်” ဟု ပြောကြားခဲ့သည်။
တွမ်၏ အနုပညာလှုပ်ရှားမှုတွင် စတန့်တစ်ခုတည်းသာ ကျွမ်းကျင်မှုမဟုတ်ဘဲ သူသည် အကနှင့်သီချင်းဆိုခြင်း သင်ခန်းစာများကိုလည်း သင်ယူခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်