
PSY နှင့် BTS အဖွဲ့ဝင် Suga တို့အတူ တွဲဖက်သီဆိုထားသည့် That That တေးသီချင်းဗီဒီယိုသည် သီတင်းတစ်ပတ်အတွင်း ကြည့်ရှုသူ သန်း ၁၀၀ ကျော်ရှိလာခဲ့သည်။
မေ ၆ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၂၁ မိနစ်တွင် PSY ၏ နောက်ဆုံးထွက်ရှိသည့် တေးအယ်လ်ဘမ်မှ BTS အဖွဲ့ဝင် Suga နှင့် တွဲဖက်သီဆိုထားသည့် That That သီချင်းဗီဒီယိုသည် YouTube တွင် ကြည့်ရှုသူ သန်း ၁၀၀ ကျော်ရှိလာခဲ့သည်။
That That သည် လက်ရှိတွင် ၂၀၂၂ ခုနှစ်တွင်း ကြည့်ရှုသူ သန်း ၁၀၀ အမြန်ဆုံး ပြည့်မီသည့် K-Pop တေးသီချင်းဗီဒီယိုဖြစ် လာခဲ့သည်။
ယင်းတေးသီချင်းဗီဒီယိုကို ဧပြီ ၂၉ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် တရားဝင် ဖြန့်ချိခဲ့ခြင်းဖြစ်သည့်အတွက် ၎င်းသည် ခုနစ် ရက်နှင့် ၂၁ မိနစ်အတွင်း ကြည့်ရှုသူ သန်း ၁၀၀ ရောက်ရှိသည့် အဓိပ္ပာယ်ဖြစ်သည်။ That That သည် PSY ၏ ကြည့်ရှုသူ သန်း ၁၀၀ ကျော်ရှိသည့် ရှစ်ခုမြောက် တေးသီချင်း ဗီဒီယိုလည်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်