တောင်ကိုရီးယားနာမည်ကျော် သရုပ်ဆောင်ကင်ဆွန်ဟိုသည် ၎င်းအား ကိုယ်ဝန်ဖျက်ချရန် တွန်းအားပေးခဲ့သည်ဟု ချစ်သူ ဟောင်းဖြစ်သူက စွပ်စွဲခဲ့သောကြောင့် အရှုပ်တော်ပုံနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ခုနစ်လ အကြာတွင် Instagram ၌ ပြန်လည်ထွက်ပေါ် လာခဲ့သည်။
The Hometown Cha-Cha-Cha မင်းသား ကင်ဆွန်ဟိုသည် ၎င်း၏ ၃၆နှစ်ပြည့် မွေးနေ့မတိုင်မီ တစ်ရက်ဖြစ်သည့် မေ ၇ ရက်တွင် လူမှုမီဒီယာပေါ်၌ ကောင်းကင်ကိုရိုက်ကူးထားသည့် ဓာတ်ပုံတစ်ပုံကို တင်ခဲ့သည်။
ယင်းဓာတ်ပုံနှင့်အတူ “ကျွန်တော့်ရဲ့ ချို့ယွင်းချက်တွေကြောင့် သင်တို့ကို ခက်ခဲတဲ့အချိန်တွေ ဖြတ်ကျော်စေခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်။ အခုနှစ် ကျွန်တော့်မွေးနေ့ကို ကျင်းပပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ကျွန်တော်ထိုက်တန်တာထက်ပိုပြီး မွေးနေ့ဆုမွန် ကောင်းတောင်းပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ သင်တို့ကျွန်တော့်အပေါ်ထားရှိတဲ့ အဖိုးတန်တဲ့ ခံစားချက်တွေကို အမြဲတမ်းအမှတ်ရနေမှာပါ။ သင်တို့ရဲ့ ထောက်ပ့ံမှုတွေနဲ့ အားပေးမှုတွေကို ပြန်လည် ပေးဆပ်နိုင်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာစေရပါမယ်” ဟု ကင်ဆွန်ဟိုက ပြောကြားခဲ့သည်။
လွန်ခဲ့သည့်နှစ် အောက်တိုဘာလက နာမည်ကျော် Hometown Cha-Cha-Cha ၏ နောက်ဆုံးအပိုင်းမထုတ်လွှင့်မီ ကင်ဆွန်ဟိုသည် ၂၀၂၀ ခုနှစ်က ၎င်းတို့တွဲနေချိန် ကိုယ် ဝန်ဖျက်ချခိုင်းခဲ့ကြောင်း အမည်မဖော်လိုသည့်တစ်စုံတစ်ယောက်က အွန်လိုင်းပေါ်တင်ခဲ့သည်။
ထို့နောက်ကင်သည် ရုပ်ရှင်စီမံကိန်းအများအပြားနှင့် ကုန်ပစ္စည်းအမှတ်တံဆိပ်စပွန်ဆာများမှ ချက်ချင်း ဖြုတ်ချခံခဲ့ရသည်။
နောက်ပိုင်းတွင် ကင်သည် ၎င်း၏ချစ်သူ ဟောင်းကို တရားဝင်တောင်းပန်ခဲ့ပြီး သူသည် ကောင်းသော စိတ်ခံစားချက်များ၊ ရည်ရွယ်ချက်များနှင့် ထိုမိန်းကလေးနှင့် တွဲခဲ့ခြင်းဖြစ်သော်လည်း ၎င်း၏ညံ့ဖျင်းမှုနှင့် စဉ်းစားဆင် ခြင်ဉာဏ်နည်းမှုတို့ကြောင့် ထိုမိန်းကလေးကို နာကျင်စေခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား