သရုပ်ဆောင် Ncuti Gatwa သည် Doctor Who ဇာတ်လမ်းတွဲ၏ ကြယ်ပွင့် ဂျိုဒီ ဝှစ်တိတ်ကာ၏ ဇာတ်ကောင်နေရာကို လွှဲပြောင်းရယူသွားမည်ဟု BBC က ထုတ်ပြန် ကြေညာခဲ့သည်။
အသက် ၂၉ နှစ်အရွယ် စကော့တလန် မင်းသား Gatwa သည် အထင်ကရဗြိတိန် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွဲတွင် ၁၄ ကြိမ်မြောက်Time Lord ဖြစ်လာလိမ့်မည်ဖြစ်ပြီး သူသည် ယင်းခေါင်းဆောင်နေရာကို သရုပ်ဆောင်မည့် ပထမဆုံးလူမည်းသရုပ်ဆောင် ဖြစ်လာလိမ့်မည်ဖြစ်သည်။
ရာဝမ်ဒါနိုင်ငံ၌မွေးဖွားခဲ့သည့် Gatwa သည် Netflix ၏ Sex Education ဇာတ်လမ်းတွဲဖြင့် လူသိများထင်ရှားသူဖြစ်သည်။
“အရမ်းအံ့သြဖို့ကောင်းတဲ့ ခံစားချက်ပါ။ တကယ့်ကို ဂုဏ်ယူဖို့ကောင်းပါတယ်။ ဒီဇာတ်ကောင်က အထင်ကရဖြစ်သလို လူသိများတဲ့ ဇာတ်ကောင်လည်း ဖြစ်ပါတယ်” ဟု Gatwa က BBC သတင်းကို ပြောကြားခဲ့သည်။
မေ ၈ ရက်တွင် ကျင်းပသည့် Bafta TV ဆုပေးပွဲမတိုင်မီ ကော်ဇောနီအခမ်းအနားတွင် Sex Education ဇာတ်လမ်းတွဲဖြင့် ဆန်ခါတင်စာရင်းဝင်ထားသည့် Gatwa က The Doctor ၏ဇာတ်ကောင်သည် ၎င်းအပါအဝင် လူအများအပြားအတွက် အဓိပ္ပာယ်များစွာရှိသည်ဟု ပြောကြားခဲ့သည်။
“ကျွန်တော့်ကို ဒီဇာတ်ကောင်ကို သရုပ်ဆောင်ဖို့ လွှဲပေးလိုက်တဲ့အတွက် အရမ်းဝမ်းသာပျော်ရွှင်မိပါတယ်။ ကျွန်တော်အကောင်း ဆုံးကြိုးစားသွားမှာပါ” ဟုလည်း Gatwaက ထပ်မံပြောကြားခဲ့သည်။
Gatwa သည် ၂၀၂၃ ခုနှစ်တွင် The Time Lord အဖြစ် ပွဲဦးထွက်လာလိမ့်မည် ဖြစ်သည်။
ယင်းဇာတ်လမ်းတွဲ၏ ဇာတ်ညွှန်းရေး ဆရာ ရက်ဆဲလ်တီဒေးဗစ်က Gatwa သည် လူတွေ့စစ်ဆေးမှုတွင် အံ့သြဖွယ်ပြသနိုင်ခဲ့သည်ဟု ချီးကျူးပြောကြားခဲ့သည်။
“ ဒါက ကျွန်တော်တို့ရဲ့ နောက်ဆုံးလူတွေ့စစ်ဆေးမှုပါ။ ဒါဟာ ကျွန်တော်တို့အတွက် နောက်ဆုံးဖြစ်ပါတယ်။ ကျွန်တော် အရမ်းပီတိဖြစ်မိပါတယ်။ ဒီဇာတ်လမ်း အတွက် တောက်ပတဲ့အနာဂတ်ရှိလာပါတော့မယ်” ဟု ၎င်းက ဆိုသည်။
လွန်ခဲ့သည့်နှစ်က ယင်းဇာတ်လမ်းတွဲ မှ ထွက်ခွာကြောင်းကြေညာခဲ့သည့် ဝှစ်တိတ်ကာသည် The Doctor အဖြစ်သရုပ်ဆောင်သည် ့ပထမဆုံးအမျိုးသမီးဖြစ်ကြောင်း သိရ သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား