Samsung Myanmar မှ Samsung Built for Myanmar ၏ ရည်ရွယ်ချက်ကို ဖြည့်ဆည်းပေးထားသည့် Samsung Love & Care လူမှုအကျိုးပြုအစီအစဉ်အနေဖြင့် ၈၉ မိုင်ရှိ YGW ပရဟိတ မိဘမဲ့ကလေးကျောင်းတွင် လှူဒါန်းမှုများ ပြုလုပ်ပြီး အနုပညာရှင်များဖြစ်သည့် သရုပ်ဆောင် ပိုင်တံခွန်နှင့် မေတိုးခိုင်၊ အဆိုတော် G Fatt တို့ တက်ရောက်ကြကြောင်း သိရသည်။
အဆိုပါ Samsung Love & Care အစီအစဉ်လေးမှ YGW ပရဟိတမိဘမဲ့ကလေးများစောင့်ရှောက်ရေးနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် လိုအပ်နေသည့် ကလေးငယ်များအတွက် နှစ်ထပ်နေအိမ်တည်ဆောက်ရန် လှူဒါန်းငွေ ကျပ်သိန်း ၁၈၀ နှင့်အတူ ကျပ်သိန်း ၁၅၀ ကျော်တန်ဖိုးရှိ Samsung ထုတ်ကုန်များနှင့် ကျောင်းသုံးပစ္စည်းများ၊ စုစုပေါင်းကျပ်သိန်း ၃၀၀ ကျော်ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းအပြင် Team Galaxy အဖွဲ့ဝင်များဖြစ်သည့် ပိုင်တံခွန်၊ G Fattနှင့် မေတိုးခိုင်အပါအဝင် Samsung Myanmar မိသားစုဝင်များ၊ YGW မှ ကလေးများနှင့်အတူ ဂိမ်များဆော့ကစားခြင်းနှင့် ဗဟုတုသမျှဝေခြင်း အစီးအစဉ်များ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား