
မွတ်စလင်အများစုရှိရာ ကက်ရှ်မီးယား ဒေသမှဟိန္ဒူများ အစုအပြုံလိုက်ထွက်ပြေးခဲ့ရမှုသမိုင်းကို ရိုက်ကူးတင်ပြထားသည့် အငြင်းပွားဖွယ် အိန္ဒိယရုပ်ရှင်ဇာတ်ကားကြီး The Kashmir Files ကို စင်ကာပူအစိုးရက ရုံတင်ပြသခွင့် ပိတ်ပင်ထားသည်။
၎င်းဇာတ်ကားသည် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီကိုယ်တိုင် ချီးကျူးထားပြီး သူ့ပြည်သူများကို သွားကြည့်ကြရန် ဆော်သြခဲ့သည့်ဇာတ်ကား၊ ဟိန္ဒိူအမျိုးသားရေးဝါဒီများ သဘောကျပြီး ရုံပရိသတ်အားပေးမှုများစွာ ရခဲ့သည့် ဇာတ်ကားဖြစ်သည်။
သို့သော်လည်း ဝေဖန်ရေးသမားများကမူ ထိုဇာတ်ကားသည် အမှန်နှင့်ကွဲနေပြီး မွတ်စလင်ဆန့်ကျင်ရေး ရှုထောင့်အမြင်များကို ပျံ့စေသည့်ဇာတ်ကားဟု သုံးသပ်ကြသည်။
ပြသခွင့်မပြုရခြင်း၏အကြောင်းရင်းကို စင်ကာပူအစိုးရက မီဒီယာများအား ထုတ်ပြန်ကြေညာရာတွင် ကက်ရှ်မီးယားပဋိပက္ခတွင် ဟိန္ဒိူများကို ဖိနှိပ်ခံအဖြစ် ပုံဖော်ထားပြီး မွတ်စလင်များနှင့်ပတ်သက်သည်များကို တစ်ဘက် သတ်ဖော်ပြထားကြောင်း၊ ထိုတင်ပြချက်မျိုး သည် လူမျိုးစုံ၊ ဘာသာစုံနေထိုင်ရာ စင်ကာပူ လူ့အဖွဲ့အစည်းအတွင်း အမုန်းတရားဖြစ်စေနိုင်ပြီး လူသားချင်း ပေါင်းစည်းညီညွတ်မှုနှင့် ဘာသာရေးသဟဇာတဖြစ်မှုတို့ကို ထိခိုက်စေနိုင်ကြောင်း ဆိုထားသည်။
စင်ကာပူ၏လူဦးရေ ငါးသန်းခွဲသည် အများစုက တရုတ်၊ မလေးနှင့် အိန္ဒိယလူမျိုး များဖြစ်ကြသည်။ လူမျိုးစုနှင့် ဘာသာရေးညီညွတ်မှုများကို နှောင့်ယှက်ရန်မည်သည့်ကြိုးပမ်းမှုကိုမဆိုသည်းမခံသည့် တင်းကျပ်သည့် ဥပဒေများလည်း စင်ကာပူတွင်ရှိသည်။
အိန္ဒိယတွင် မတ် ၁၁ ရက်က ရုံစတင်ခဲ့သည့် The Kashmir Files ဇာတ်ကားသည် ဝင်ငွေရူပီး ၃၃၁ ကုဋေ ရရှိခဲ့ပြီး ကပ်ရောဂါ ဖြစ်ပွားလာပြီးနောက်ပိုင်း အအောင်မြင်ဆုံး ဟင်ဒီရုံ တင်ဇာတ်ကားများထဲ ပါလာခဲ့သည်။
မင်းသမီးပါလာဗီဂျိုရှီ ၊ မင်းသားဒါရှန် ကူမာတို့ကဲ့သို့ ၀ါရင့်သရုပ်ဆောင်များပါ သည့် ထိုဇာတ်ကားကို ဝီကီပီးဒီးယားခေါ် အွန်လိုင်းစွယ်စုံကျမ်းက စိတ်ကူးယဉ်ဇာတ်လမ်းဟု ညွှန်းဆိုထားသည့်အတွက်လည်း အိန္ဒိယ ဒါရိုက်တာ ဗစ်ဗက်အက်နီဟိုသရီက တွစ်တာတွင် မကျေမနပ်တက်ရေးလိုက်သေးသည်။
ထို့ပြင် ဝီကီပီးဒီးယားက ဇာတ်လမ်းထဲ တွင် ၁၉၉၀ ပြည့်နှစ်များအစောပိုင်းက ဖြစ်ပျက်ခဲ့သည်များကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ပုံဖော်ထားခြင်းသည် အကြီးအကျယ်မှား ယွင်းနေသည်ဟု ယူဆနိုင်သည်ဟုလည်း ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်