
၂၀၂၂ ခုနှစ်အတွက် အီတလီနိုင်ငံ မြောက်ပိုင်းတူရင်မြို့တွင် Eurovision ဥရောပသီချင်းဆိုပြိုင်ပွဲကြီး ကျင်းပလျက်ရှိ ရာ မေလ ၁၄ ရက်ယှဉ်ပြိုင်မည့် ဖိုင်နယ်ဗိုလ် လုပွဲသို့ ယူကရိန်းနိုင်ငံကိုယ်စားပြုဝင် ရောက် ယှဉ်ပြိုင်နေသည့် Kalush Orchestra အဖွဲ့လည်း တက်လှမ်းနိုင်ခဲ့သည်။
မေလ ၁၀ ရက်ကပြုလုပ်သည့် ပထမအဆင့် ဆီမီးဖိုင်နယ်ပွဲတွင် ယူကရိန်းနိုင်ငံ နှင့်အတူ အခြားကိုးနိုင်ငံက ဖိုင်နယ်အဆင့်ထိ ပါသွားပြီး၊ ယူကရိန်းနိုင်ငံအနောက်ပိုင်းမှ ဂီတသမားများစုဖွဲ့ထားသည့် Kalush Orchestra ရက်ပ်အဖွဲ့သည် winner ဖြစ်ရန် တစ်ပေးခံနေရသည်။
၎င်းအဖွဲ့၏ပြိုင်ပွဲသီချင်း Stefania သည် ဟစ်ဟော့ပ်နှင့် ရိုးရာယူကရိန်းဂီတကို ပေါင်းစပ်ထားပြီး ဖေဖော်ဝါရီတွင် ယူကရိန်းကို ရုရှားကမကျူးကျော်မီ ရေးစပ်ထားသည့် သီချင်းဖြစ်သည်။
သီချင်းထဲတွင် “လမ်းတွေအားလုံး ပျက်စီးသွားရင်တောင်မှ အိမ်အပြန်လမ်းကို ငါတို့ အမြဲရှာဖွေနေမှာ” ဆိုသည့်စာသားများပါဝင်ပြီး ၊ ထိုသီချင်းသည် ယူကရိန်းပြည်သူများ နှင့် အသည်းနှလုံးချင်းနီးကပ်စေသည့်သီ ချင်းဟု အဖွဲ့၏ခေါင်းဆောင်အဆိုတော်က ပြောသည်။
Kalush Orchestra အဖွဲ့သည် Eurovision ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် အစိုးရ၏အထူးခွင့်ပြုချက်ရပြီးမှ သွားပြိုင်ခဲ့ခြင်း ဖြစ်သည်။ရုရှား-ယူကရိန်းစစ်ပွဲစတင်ချိန်မှစ၍ ၎င်းအဖွဲ့သည် ရုရှားရန်ကိုယူကရိန်း တို့ခုခံနေမှုအပေါ်ထောက်ခံဖော်ပြမှုများ ဆိုရှယ်မီဒီယာတွင် ပြုလုပ်လာခဲ့သည်။
ယူကရိန်းစစ်ပွဲက ယခုနှစ် Eurovision ပြိုင်ပွဲအပေါ် ကြီးမားသည့်သက်ရောက်မှုရှိ နေပြန်သည်။ဂီတနှင့်သာဆိုင်သည့်ပြိုင်ပွဲကြီး ဖြစ်ရမည်ဖြစ်သော်လည်း ၂၀၂၂ ပြိုင်ပွဲ သည် ယခင်ထက် နိုင်ငံရေးအငွေ့အသက်များ ပိုမိုပါဝင်လာသည်။
ဆီမီးဖိုင်နယ်နေ့က အချို့အဖွဲ့များသည် ၎င်းတို့၏ယှဉ်ပြိုင်တင်ဆက်မှုများအတွင်း ယူကရိန်းစစ်နှင့်ဆိုင်သည့် လက္ခဏာများကို ထည့်သွင်းတင်ဆက်ခဲ့ကြသည်။ရုရှားနိုင်ငံကမူ ယခုနှစ်တွင် ဝင်ပြိုင်ခွင့်မရခဲ့ပေ။မေလ ၁၂ ရက်တွင် ဒုတိယဆီမီးဖိုင်နယ်ပွဲရှိသည်။
Eurovision အတွက်ငွေကြေးအများ ဆုံးပံ့ပိုးထားသည့် ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ ဗြိတိန်နှင့် အီတလီစသည့်ငါးနိုင်ငံက ဖိုင်နယ် အဆင့်သို့အလိုအလျောက်တက်ပြီး ယူကရိန်းအပါအဝင် နိုင်ငံ၁၀ နိုင်ငံက ပထမဆီမီး ဖိုင်နယ်မှ ဖိုင်နယ်အဆင့်သို့တက်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်