နောက်ဆုံးထွက်ထားသည့်ဂျိမ်းစ်ဘွန်း ဇာတ်ကား No Time To Die နှင့် True Detective ဇာတ်လမ်းတွဲတို့ ရိုက်ကူးခဲ့သူဒါရိုက်တာ ကယ်ရီဂျိုဂျီ ဖူကူနာဂါသည် သူတို့ကို လိင်ပိုင်းဆိုင်ရာမဖွယ်မရာများ ပြုမူခဲ့သည်ဟု ကျူးလွန်ခံရသူ အမျိုးသမီးသရုပ်ဆောင် အချို့က အွန်လိုင်းတွင် ထုတ်ဖော်ပြောဆိုထားသည်။
အနုပညာသတင်းများအရ အမေရိကန်နိုင်ငံသားကယ်ရီဖူကူနာဂါကို ထိုသို့စွပ်စွဲသူ လက်ရှိတွင် သုံးဦးရှိနေပြီး ဒါရိုက်တာကယ်ရီဘက်ကမူ တုံ့ပြန်မှုမရှိသေးပေ။
ပြီးခဲ့သည့်သီတင်းပတ်တွင် ပထမဆုံး စွပ်စွဲချက် အွန်လိုင်းပေါ်ရောက်လာခဲ့ပြီး ပိုု့စ်တင်သည့်သရုပ်ဆောင်အမျိုးသမီးက ကယ်ရီသည် သူနှင့်ပတ်သက်ငြိစွန်းစေရန် ဖိအားပေးခဲ့ကြောင်း၊ ထိုအချိန်ကသူ့အသက် ၁၈ နှစ်၊ ကယ်ရီက အသက် ၃၀ ကျော်ဖြစ်ပြီး သူတို့ချင်း လိုသည်ထက်နီးစပ်သွားခဲ့ကြောင်း ထုတ်ပြောထားသည်။
ထို့ပြင်၎င်းအမျိုးသမီးက ကယ်ရီနှင့်သူရိုက်ထားသည့်ဆယ်လ်ဖီပုံနှင့်အတူ “ကျွန်မ နှစ်တွေနဲ့ချီ သူ့ကိုကြောက်နေခဲ့ရတာ။သူက အမြတ်ထုတ်သမားပါ။ ဒါမျိုးတွေလုပ်လာတာ နှစ်ချို့နေပြီ။ အမျိုးသမီးတွေ သတိထား”ဟု အင်စတာဂရမ်စတိုရီတွင် ဖွင့်ချသတိပေးခဲ့သည်။
သူ့ပြောဆိုချက်များအရ ကယ်ရီသည် သူ့လုပ်ရပ်ကို လူမသိအောင် အခြားသူများ ရှေ့တွင် ဝမ်းကွဲမောင်နှမ သို့မဟုတ်တူမအဖြစ် ဟန်ဆောင်နေခိုင်းမှုလည်း ရှိခဲ့သည်။
သုံးနှစ်ကြာပြီးနောက် သူတို့လမ်းခွဲခဲ့ကြပြီး ထိုအချိန်မှစကာ စိတ်ဒဏ်ရာကြောင့် တစ်နှစ်ကြာဆေးကုခဲ့ရသည်ဟုလည်း ထိုအမျိုးသမီးက ဖွင့်ဟခဲ့သည်။
နောက်ပိုင်း သွေးရင်းတော်စပ်ကြသည့် အမျိုးသမီးသရုပ်ဆောင်နှစ်ဦးကလည်း သူတို့ အသက် ၂၀ အရွယ်တွင် ကယ်ရီကတပြိုင်တည်းဖြားယောင်းခဲ့ပြီး သူတို့အိမ်ကို လာလည်ရင်း မဖွယ်မရာပြုလုပ်ရန်ညှိနှိုင်းမှုများ ရှိခဲ့သည်ဟု Facebook တွင် ဖွင့်ချခဲ့သည်။
ဆက်ပြီး ၂၀၂၁ ခုနှစ်က No Time To Die ရုပ်ရှင်အောင်မြင်သည့်အထိမ်းအမှတ် ပါတီပွဲတွင် ကယ်ရီက သူတို့နှစ်ဦးစလုံးကို သူ့ penthouse သို့လာရန်ဖိတ်ခေါ်ခဲ့ပြီး ၎င်းနေရာမှာပင် သူတို့ကိုမူးယစ်ဆေးနှင့်အမြတ်ထုတ်ရန် ကြိုးပမ်းခဲ့သည်ဟု စွပ်စွဲထားသည်။
ကယ်ရီ ဖူကူနာဂါ၏မဖွယ်မရာတောင်းဆိုချက်ကို ငြင်းခဲ့သည့်အတွက် True Detective ဇာတ်လမ်းတွဲ season one မှ အထုတ်ခံရသည်ဟု အမေရိကန်ရုပ်ရှင်မင်းသမီးတစ်ဦးကလည်း စွပ်စွဲထားဖူးသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား