
မကြာခင်ထုတ်လွှင့်ပြသမည့် ဒရာမာရုပ်သံဇာတ်လမ်းတွဲ Dr. Lawyer တွင် မင်းသား So Ji Sub ကို ဆရာဝန်ဇာတ်ရုပ်၊ ရှေ့နေ ဇာတ်ရုပ်တို့ဖြင့် မြင်ရမည်ဖြစ်သည်။
မသမာမှုတစ်ခုကြောင့် ဆရာဝန်ဂုဏ် ပုဒ်နှင့်အရာရာကို လက်လွှတ်ဆုံးရှုံးလိုက်ရသည့် ခွဲစိတ်ဆရာဝန်တစ်ဦးအဖြစ်မှ ရှေ့နေဖြစ်သွားသူ ဟန်ယီဟန်အဖြစ် So Ji Sub က သရုပ်ဆောင်ထားသည်။
သူနှင့်တွဲဖက်သရုပ်ဆောင်ထားသူက မင်းသမီး Im Soo Hyang ဖြစ်သည်။
လွဲချော်ခဲ့သည့်ခွဲစိတ်မှုကြောင့် ပရော်ဖက်ရှင်အလုပ်လည်းထိခိုက်၊ အရာရာလည်း ဆုံးရှုံးသွားသည့် ဆရာဝန်က ရှေ့နေအဖြစ် ပြောင်းလဲသွားကာ သူကျဆုံးခဲ့ရမှု၏နောက်ကွယ်ကတရားခံကို ရှာဖွေသည့်ဇာတ်လမ်း ဖြစ်သည်။
ဇာတ်လမ်းအမြည်းဓာတ်ပုံများကြည့်ရုံဖြင့်ပင် သူ့အကြည့်၊ သူ့စတိုင်လ်များက ဇာတ်ရုပ်နှင့်မည်မျှလိုက်ဖက်နေသည်ကို မှန်းဆနိုင်သည်။
So Ji Sub ၏ စူးရှသည့်မျက်လုံးများက ရုံးတော်တွင် သူ့အမှုသည်ကို ကာကွယ်ရန် ခိုင်မာစွာဆုံးဖြတ်ထားပုံကို လှစ်ဟပြနေပြီး ဆရာဝန်ဖြစ်ခဲ့စဉ်က ပတ်ဝန်းကျင်ကို အနွေးဓာတ်ပေးခဲ့သော်လည်း ရှေ့နေဖြစ်လာသည့်အခါ မာကျောမှုနှင့်တည်ကြည်လေးနက်မှုများကို သူ့ရုပ်တွင်မြင်လာရတော့သည်။
မတူညီသည့် ကာရိုက်တာနှစ်ခုကို သူ မည်သို့ပီပီပြင်ပြင် သရုပ်ဆောင်ထားသည်ကို ပရိသတ်များက မြင်တွေ့ချင်နေကြပြီး ထိုဇာတ်လမ်းတွဲကို ဇွန်လ ၃ ရက်ညပိုင်းတွင် စတင်ကာ အပတ်စဉ်သောကြာ၊ စနေရက်များ တွင် MBC ရုပ်သံမှ ပြသသွားမည်ဖြစ်သည်။ အပိုင်းအရေအတွက်က ၁၆ ပိုင်းဖြစ်သည်။
ထို့ပြင် So Ji Sub ပါဝင်သည့် ရုပ်ရှင်ဇာတ်ကားကြီး Alien ကိုလည်း မကြာမီရုံတင် ပြသတော့မည်။ စိတ်ကူးယဉ်သိပ္ပံဆန်းကြယ် ဇာတ်လမ်းမျိုးဖြစ်ပြီး မင်းသမီး Kim Tae Ri နှင့်မင်းသား Kim Woo Bin တို့လည်း ပါဝင်ထားသည်။
ထိုဇာတ်ကားကို ၂၀၂၁ ခုနှစ်၊ ဧပြီတွင် ရိုက်ကူးပြီးစီးခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၀ ရက်တွင် တောင်ကိုရီးယား၌ စတင်ရုံတင်ပြသမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်