Doctor Strange ရုပ်ရှင်တွင် ပါဝင်သည့် သရုပ်ဆောင်မင်းသမီး ဇာယာဖစ်သီယန်နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဗစ်တာမာ့ခ်တို့သည် အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ် ဦးကို လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း ပြစ်မှုထင်ရှားတွေ့ရှိခဲ့ပြီးနောက် ထောင်ဒဏ်ချမှတ်ခံရဖွယ်ရှိနေသည်။
နော်တင်ဟမ်ခရောင်းတရားရုံးမှ ဂျူရီလူကြီးများက ဖစ်သီယန်သည် ပြုကျင့်ခံရသူ အစောပိုင်း ဆယ်ကျော်သက်အရွယ်ဖြစ်သည့် ၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်ကြား ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုစွဲချက် ၁၄ ခုဖြင့် ပြစ်မှုထင်ရှားတွေ့ရှိခဲ့သည်။
မာ့ခ်သည် အလားတူ ပြစ်မှုစွဲချက် ၁၄ ခုအပြင် ၂၀၀၂ ခုနှစ်မှ ၂၀၀၈ ခုနှစ်ကြား၌ နောက်ထပ် အသက်မပြည့်သည့် မိန်းကလေး တစ်ဦးကို ရှစ်ကြိမ်ထက်မနည်း လိင်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုနှင့်ဆက်နွှယ်၍ မသင့်လျော်သော တိုက်ခိုက်မှုစွဲချက်များတွင်လည်း ပြစ်မှုထင်ရှားသည်ဟု ဆိုသည်။
ယင်းစုံတွဲသည် ကလေးတစ်ဦးအား လိင်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှု စွဲချက် ၁၄ ခုကို ပူးတွဲငြင်းဆိုထားသော်လည်း ၁၂ ကြိမ်ကြာ ခုံရုံးတင်စစ်ဆေးပြီးနောက် ဂျူရီလူကြီးများက ၎င်းတို့ကို ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့သည်။
ယင်းစုံတွဲကို ၂၀၁၇ ခုနှစ်က ဖမ်းဆီးခဲ့ပြီးနောက် ရဲအရာရှိများက မေးခွန်းများစစ်ဆေးမေးမြန်းချိန် မာ့ခ်က ရဲအရာရှိများအား “ခင်ဗျားတို့ ကျွန်တော့်ကို သက်ငယ်မုဒိန်းမှု ကျူးလွန်သူလို့ ပြောဖို့ကြိုးစားနေတယ်ဆိုရင် ကျွန်တော်မဟုတ်ပါဘူး”ဟု ဖြေကြားခဲ့သည်။
ဖစ်သီယန်ကလည်း သူသည် မိန်းကလေးတစ်ဦးကို လိင်ပိုင်းဆိုင်ရာထိတွေ့မှု မည်သည့်ပုံစံမျိုးနှင့်မဆို မပြုလုပ်ခဲ့မိကြောင်းနှင့် ယင်းစွပ်စွဲချက်များသည် လွဲမှားနေသည်ဟု ရဲအရာရှိများကို ပြောကြားခဲ့သည်။
ယင်းဆယ်ကျော်သက်မိန်းကလေးက ၎င်းတို့အိမ်တွင် ထိုစုံတွဲနှင့် မည်ကဲ့သို့ပုံမှန် နေထိုင်ကြောင်း တရားရုံးတွင် ပြောကြားခဲ့ပြီး ၂၀၁၆ ခုနှစ်က Doctor Strange တွင် ပါဝင်ခဲ့သည့် ဖစ်သီယန်သည် ၎င်းအား အရက်တစ်ခွက်ပေးခဲ့ပြီး သူတို့စုံတွဲနှင့် လိင်ဆက်ဆံရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။ထိုမိန်းကလေးအား အသက် ၁၈ နှစ်မတိုင်မီအထိ ညှင်းပန်း နှိပ်စက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့သည်။ ယင်းစုံတွဲကို တရားရင်ဆိုင်နေစဉ်တစ်လျှောက် အာမခံဖြင့် လွှတ်ထားသော်လည်း ပြစ်မှုထင်ရှားတွေ့ရှိပြီးနောက် တရားသူကြီး မာ့ခ်ဝက်ဆန်က ၎င်းတို့အား ဖမ်းဆီးထိန်းသိမ်းရန် ရမန်ပေးခဲ့သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား