ဗြိတိန်အဆိုတော် အက်ရှီးယန်သည် မေ ၁၂ ရက်ကပြုလုပ်သည့် ၎င်း၏ဖျော်ဖြေပွဲတွင် အနောက်ဘယ်ဖက်စ်ဒေသမှ အသက် ခြောက်နှစ်အရွယ် ကလေးတစ်ဦးအတွက် မွေးနေ့ဂုဏ်ပြုသီချင်း သီဆိုပေးခဲ့သည်ဟု သိရသည်။
အသက်ခြောက်နှစ်အရွယ် ဒန်နီယယ် ကိတင်ဂီသည် အက်၏ဖျော်ဖြေပွဲသို့ တက်ရောက်လာခဲ့ခြင်းဖြစ်ပြီး အက်က လာရောက် သူ ၄၀,၀၀၀ ကျော်တွင် ၎င်းကိုသတိထားမိခဲ့ခြင်းဖြစ်သည်။
လူအုပ်ကြီး၏အကူအညီနှင့် ရောင်စုံလက်လုပ်သင်္ကေတများ၏ အကူအညီဖြင့် ဘယ်ဖက်စ်တွင်ပြုလုပ်သည့် ဖျော်ဖြေပွဲတွင် အက်က ဒန်နီယယ်ကို သတိထားမိခဲ့သည်။
အက်သည် ဒန်နီယယ်ကို သတိထားမိပြီး ၎င်း၏မွေးနေ့အတွက် မွေးနေ့ဆုတောင်း သီချင်းသီဆိုပေးခဲ့ရုံသာမက ဖျော်ဖြေပွဲလာရောက်သည့် ပရိသတ်များကလည်း ဒန်နီယယ်အတွက် မွေးနေ့ဆုတောင်းသီချင်း သီဆိုပေးခဲ့ကြသည်။
ဒန်နီယယ်၏မိခင်ဖြစ်သူ ဒန်နီယယ်လီ ဟေလန်ကတော့ ဖြစ်စဉ်တစ်ခုလုံးသည် အိပ်မက်ဆန်ဆန်ဖြစ်သွားခဲ့ပြီး သားဖြစ်သူ၏ အထူးနေ့တွင် ၎င်းနှစ်သက်သည့်အဆိုတော်နှင့် အထူးအမှတ်တရရှိခဲ့သည့်အတွက် အလွန်ပျော်ရွှင်မိကြောင်း ပြောကြားခဲ့သည်။
“အက် ပထမဆုံးအကြိမ် ဒန်နီယယ်ကို ပျော်ရွှင်ဖွယ်မွေးနေ့ပါလို့ ပြောခဲ့ချိန်တုန်းက ဒန်နီယယ်ဟာ ပျော်လွန်းလို့ မျက်ရည်ကျခဲ့ပါတယ်။ ဒီလူအုပ်ကြီးက တစ်ယောက်စီတိုင်းက ပျော်ရွှင်ဖွယ်မွေးနေ့သီချင်း စတင်သီဆိုပေးနေတာကို အက်အနေနဲ့ သတိထားမိလိမ့်မယ်လို့ ကျွန်မ မထင်မိဘူး”ဟု ၎င်းက ဆိုသည်။
ဒန်နီယယ်၏အဘွားက သူ့ကိုဖျော်ဖြေပွဲလက်မှတ်များ လက်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး သူသည် ဖျော်ဖြေပွဲကို မသွားရောက်မီအချိန်က အက်၏ အယ်လ်ဘမ်များကို သီတင်းပတ်ပေါင်းများစွာ နားထောင်ခဲ့သည်ဟု သိရ သည်။
ဖျော်ဖြေပွဲနေ့တွင်လည်း ဒန်နီယယ်က ၎င်း၏ကိုယ်ပိုင်ဆိုင်းဘုတ်တစ်ခုကို ပြုလုပ်ခဲ့ပြီးယင်းဆိုင်းဘုတ်တွင် “ဒီနေ့က ကျွန်တော့် ခြောက်နှစ်ပြည့်မွေးနေ့ပါ။ ကျွန်တော် အက်ရှီးယန်ကို ချစ်ပါတယ်။ ကျွန်တော့်အတွက် Bad Habits ဆိုတဲ့သီချင်းကို ကျေးဇူးပြုပြီး သီဆိုပေးပါ”ဟု ရေးသားထားသည်။
ဖျော်ဖြေပွဲလာရောက်သူများ၏ ကြင်နာမှုကြောင့် ယခုကဲ့သို့ အမှတ်ရဖွယ်အခိုက်အတန့်ဖြစ်ခဲ့ကြောင်း၊ ဒန်နီယယ်၏ ဆိုင်းဘုတ်ကိုမြင်ခဲ့သည့် မိန်းကလေးသုံးဦးနှင့် ဆုံတွေ့ခဲ့ပြီး ၎င်းတို့က ကူညီပေးခဲ့ကြောင်း ဒန်နီယယ်၏မိခင်ဖြစ်သူက BBC သတင်းဌာနကို ပြော ကြားခဲ့သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား