
မြန်မာရွှေကုန်သည်တွေအဖြစ်ဟန်ဆောင်ကာ ထိုင်းတစ်ဦးထံမှ ငွေကြေးလိ-မ်-လည်ခဲ့မှုဖြင့် မြန်မာနိုင်ငံသား သုံးဦးကို ထိုင်း လူဝင်မှုကြီးကြပ်ရေးဋ္ဌာန တာဝန်ရှိသူတွေက ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။
ထိုလိ-မ်-လည်ခဲ့မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ လူဝင်မှုကြီးကြပ်ရေးဋ္ဌာနအရာရှိတွေက ဇူလိုင် ၁၆ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။
အသက် ၆၅ နှစ်အရွယ် မြန်မာနိုင်ငံသား ဦးဝင်းဆိုသူကို Pradipat လမ်းပေါ်က ဟိုတယ်တစ်ခုအနီး ဆံသဆိုင်တစ်ခုမှာ တွေ့ရှိဖမ်းဆီးခဲ့သလို နောက်ထပ်မြန်မာနိုင်ငံသားနှစ်ဦးဖြစ်တဲ့ မစ္စတာ Tew Te နဲ့ မစ္စတာ Chulin တို့ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
၎င်းတို့ဟာ ရွှေကုန်သည်တွေဖြစ်ကြောင်းနဲ့ ပြန်လည်ရောင်းချဖို့အတွက် ရွှေအမြောက်အများ ဝယ်ယူလိုကြောင်းပြောဆိုကာ ပွဲစားတစ်ဦးထံက ဘတ် ၃သန်းကျော်ငွေကြေးလိ-မ်-လည်ခဲ့တယ်လို့ ဆိုပါတယ်။
အလိ-မ်ခံလိုက်ရတဲ့ပွဲစားဟာ သူ့ငွေတွေ ပြန်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် သူတို့နဲ့ အဆက်အသွယ်လုပ်လို့ မရတော့ဘူးလို့ ဆိုပါတယ်။ သံသယရှိသူတွေဟာ ထိုင်းနိုင်ငံကနေ ပြန်ထွက်သွားတာကြောင့် အလိ-မ်ခံရသူက Phaya Thai ရဲစခန်းက အမှုစစ်ရဲအရာရှိတွေထံ အမှုဖွင့်တိုင်ကြားမှုလုပ်ခဲ့ပါတယ်။
နောက်ပိုင်းမှာ သံသယရှိသူတွေ ထိုင်းနိုင်ငံ ပြန်ဝင်ရောက်လာတာကို သိရှိခဲ့ကြပြီး ဖမ်းဆီးကာ Phaya Thai ရဲစခန်းကို ခေါ်ဆောင်ခဲ့ပါတယ်။ အမှုမှာ အခြားပူးပေါင်းပါဝင်သူတွေကို စုံစမ်းဖော်ထုတ်ကာ ဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
Ref: khaosod

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်